Showing posts with label ဘင်္ဂလားဒေရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေရှ်. Show all posts

Tuesday, June 2, 2020

COVID-19 ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တစ်ဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇွန်၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတိပေးချက်တွေ ကြေငြာနေတဲ့ မြင်ကွင်း။ (မေ၊ ၁၅၊ ၂၀၂၀)


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး သွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M.R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။

Monday, May 18, 2020

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
17 မေ၊ 2020  
ဒုက္ခသည်စခန်းတွင်း မီးလောင်ပြီးနောက် ကြည့်ရှုနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၇၊ ၂၀၂၀။ ဓာတ်ပုံ - U Isalm (U Aye Lwin) Rohingya Refugees)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နောက်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အ ပြည့် အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပ လောင် ဒုက္ခသည်စခန်း အမှတ် ၅ မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။ မီးလောင်မှု အတွင်း ထိခိုက်သေဆုံးသူ မရှိပေမယ့် နေအိမ်အများအပြား မီးဘေးသင့်ခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့ရ တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */