Showing posts with label မောင်တောမြို့. Show all posts
Showing posts with label မောင်တောမြို့. Show all posts

Wednesday, December 4, 2024

အင်္ဂါဂြိုဟ်ကလာပြောလည်း သိမ်းမှာပဲ (ရုပ်/သံ)

ဧရာဝတီ
ဒီဇင်ဘာ ၄၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို အတားအဆီးတွေ ဘယ်လိုပဲရှိရှိ ရအောင်သိမ်းမှာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧရာဝတီနဲ့ ဩဂုတ်လထဲမှာ ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

Monday, November 25, 2024

မြန်မာ့စစ်မြေပြင်၌ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ စစ်ကောင်စီနှင့် လက်တွဲကာ ဘုံရန်သူကို ရင်ဆိုင်

DMG
By Admin
07 Sep 2024

မြန်မာစစ်တပ်ထံ စစ်မှုထမ်းနေသော စစ်သင်တန်းဆင်း မွတ်ဆလင်များ။

မြန်မာစစ်တပ်သည် အဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်များအကြား လက်နက်ကိုင် ထကြွမှုကို ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခဲ့သည်။ သို့သော်လည်း အာရက္ခတပ်တော်က နယ်မြေသိမ်းပိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာချိန်တွင်မူ စစ်ကောင်စီနှင့် ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား အချို့ကြားတွင် ဘုံရန်သူတစ်ရပ်ကို ရင်ဆိုင်လာရပြီ ဖြစ်လေသည်။

Sunday, October 6, 2024

မောင်တောမြို့ကို ထိန်းချုပ်ထားသော AA က လက်ကျန် တပ်စခန်းကို ပိတ်ဆို့ထား

Myanmar Now
ရောင်နီ
October 4, 2024


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မောင်တောတွင် စစ်ကောင်စီတပ်က စခန်းကြီးတစ်ခုတွင် ခံစစ်ဆင်နေသည်။

အာရက္ခတပ်တော် (AA) က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့တွင် မြို့ပတ်ဝန်းကျင် မိုင်းရှင်းလင်းနေသလို လက်ကျန်တပ်စခန်း အမှတ် ၅ နယ်ခြားစောင့်တပ်ခွဲ (နခခ-၅) ကို ထိုးစစ်အရှိန်မြှင့် တင်ရန် ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

Monday, September 30, 2024

မောင်တော မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

DVB
September 30, 2024


ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၇ ရက်မှာ ထိုးစစ်အရှိန်မြှင့်တင်ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ အပြင်းအ ထန် ခုခံနေရတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။

Tuesday, August 20, 2024

“ကျွန်တော့်မိသားစု မျက်စိရှေ့တင် သေဆုံးခဲ့ကြတယ်’’ - မြန်မာက အစုလိုက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေရဲ့ပြောပြချက်

BBC
ယိုဂီတာ လမား
ရာထူးတာဝန်, တောင်အာရှနဲ့ ပါကစ္စတန်နိုင်ငံ သတင်းထောက်
ရေးသားပေးပို့သည့်နေရာ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်
၂၂ သြဂုတ် ၂၀၂၄ 

ဒီမြစ်ကမ်းနံဘေးတွေမှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုအတွင်းမှာ နီဆာတစ်ယောက် သူ့မိသားစုကို ဆုံးရှုံးခဲ့ရပါတယ်
 
ကြိုတင်သတိပေးချက် : ဒီဆောင်းပါးမှာ တချို့စာဖတ်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာ အသေးစိတ်ရေးသားဖော်ပြချက်တွေ ပါဝင်တဲ့အကြောင်း ကြိုတင်အသိပေးပါရစေ။

ဗုံးတွေ ကောင်းကင်ကနေ မြေပေါ်ကို ကျလာခါနီးအချိန်ဟာ ဖာရာ့ဇ်နဲ့ သူ့ဇနီးတို့ အတွေးထဲမှာ ငါတို့တော့ ဘေးကင်းဖို့ လက်တစ်ကမ်းပဲလိုတော့တယ်လို့ တွေးခဲ့ကြတဲ့အချိန်ပါ။

Wednesday, August 7, 2024

အပြန်အလှန်စွပ်စွဲမှုတွေနဲ့ ရိုဟင်ဂျာတွေသေဆုံးထားတဲ့မောင်တောမြို့သိမ်းတိုက်ပွဲ

BBC
၇ သြဂုတ် ၂၀၂၄

၂၀၁၇ ခုနှစ် က မောင်တောဘက်ခြမ်း နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ ( ပုံဟောင်း)


ဘင်္ဂလားဒေ့ရှ်နဲ့ဆက်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲတွေကြောင့် နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ကူးပြေးဖို့ ကြိုးစားတဲ့ရိုဟင်ဂျာတွေရဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပါတယ်။

Thursday, July 11, 2024

မောင်တောမှာလက်နက်ကြီးကြောင့်ရိုဟင်ဂျာနှစ်ဦးသေဆုံး

RFA
RFA Burmese
2024.07.11

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ Facebook/ Arakan Princess Media

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ရိုဟင်ဂျာအများစုနေထိုင်တဲ့ မြို့မအ နောက်ရပ်ကွက် ဖေစီရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြိုဆင်ခြေဖုံးရပ်ကွက်ရွှေဇားနှင့်အောင်ဗလအနီးတိုက်ပွဲဖြစ်ပွား

နိရဉ္စရာ
နောင်မင်းသူ၊
ဇူလိုင် ၁၁ ရက်/၂၀၂၄

 (မောင်တောမြို့အား တစ်ရက်တည်း၌ စစ်ကောင်စီက လေကြောင်းမှ ၄ ကြိမ် ဗုံးချ)
အာရက္ခတပ်တော်(AA) ၏ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး မနေ့ညနေကစပြီး မောင်တောမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်ကြသည့် ရွှေဇားနှင့် အောင်ဗလရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု သိရသည်။

Tuesday, June 18, 2024

မောင်တောမြို့က ရိုဟင်ဂျာတွေအတွက် စိုးရိမ်ကြောင်း ကုလမဟာမင်းကြီးပြော

RFA
RFA Burmese
2024.06.18 

၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) အား တွေ့ရစဉ်။AFP 

ရက္ခိုင့်တပ်တော် (AA) က မြို့ထဲမှာရှိနေသူတွေထွက်ခွာဖို့ပြောထားတဲ့ မောင်တောမြို့က ရိုဟင်ဂျာတွေအရေး စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဇွန်လ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

Monday, June 17, 2024

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၇ ဇွန်၊ ၂၀၂၄ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄
 
မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။ AA အဖွဲ့ကတော့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေ မနေ့ညက နောက်ဆုံးထား ထွက်ခွာကြဖို့ သတိပေးထားပါတယ်။

Thursday, May 16, 2024

မောင်တောမြို့က စစ်ဘေးတိမ်းရှောင်လာတဲ့ မြို့ခံငါးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.05.15 

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ကို တွေ့ရစဉ်။ Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မောင်တောမြို့ခံ ငါးဦးကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သေခံတွေက ပြောပါတယ်။

Tuesday, May 14, 2024

မောင်တောတွင် စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးနေ

DMG
DMG ၊ မေ ၁၄
 
ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက နေအိမ်ဈေးဆိုင်ခန်းများအား ဖောက်ထွင်းဖျက်ဆီးမှု များ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ရိုဟင်ဂျာလက်နက်ကိုင်တွေ အာရက္ခပြည်ကို လက်နက်ကိုင်တိုက်ခိုက်သိမ်းယူမယ်လို့ ကြွေးကြော်နေ

Border News Agency
မောင်တော၊မေ ၁၃။

မောင်တောခရိုင်မှာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်တွေတပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာလက်နက် ကိုင်တွေဟာ အာရက္ခပြည်ကိုလက်နက်ကိုင်တိုက်ခိုက်သိမ်းယူမယ်လို့ မောင်တောမြို့ပေါ်မှာ ကြွေးကြော်ပြောဆိုနေကြတာကို ရုပ်သံမှတ်တမ်းတစ်ခုမှာတွေ့ရပါတယ်။

Thursday, May 9, 2024

ရိုဟင်ဂျာတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း USIP အစီရင်ခံစာထုတ်ပြန်

RFA
RFA Burmese
2024.05.09 

၂ဝ၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာတွင် စောင့်ကြပ်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး။ Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ဖြစ်နေပြီး တိုက်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု (USIP) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Friday, May 3, 2024

မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုဆို

Western News
 မေ ၃ ၂၀၂၄

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ)


ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင် ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်း ရင်း မြစ်ထံမှ သိရသည်။

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

Tuesday, April 23, 2024

မောင်တောက ရိုဟင်ဂျာငါးဦးကို AA ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေ ပြော၊ AA ငြင်းဆို

RFA
RFA Burmese
2024.04.23

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA


Updated 12:55 PM Apr 24, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာကျေးရွာက ရိုဟင်ဂျာငါးဦးကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ သူတို့အလောင်းတွေကို ပြန်တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

Sunday, April 21, 2024

မောင်တောတွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကိုဖြစ်သူတို့ကို အကြမ်းစစ်ကောင်စီအဖွဲ့ ဖမ်းဆီး

Arakan Bay News
April 21, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကို ဖြစ်သူတို့ကို ယမန်နေ့ ဧပြီလ ၂၀ရက်နေ့ ညနေ ၃ခန့်အချိန်တွင် မြို့သူကြီး နခခ ၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု ၃၄နှင့် မာမောက်တာယာ ၃၆နှစ်တို့ ဖြစ်သည်။

ဖမ်းဆီးခံရသူ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု
 

ယမန်နေ့ ညနေ ၃ခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ညီအစ်ကို ၂ဦးကို ဖမ်းဆီးသွားကြောင်း နီးစပ်သူ ၁ဦးက AB News သို့ ပြောကြသည်။

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */