" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဗျူနိုအေးရိစ်မြို့. Show all posts
Showing posts with label ဗျူနိုအေးရိစ်မြို့. Show all posts

Saturday, June 17, 2023

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.15

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။Reuters

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ သာမက အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ တရားစွဲခံနေရတဲ့ စစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖွယ် ရှိပါသလဲ။

ဦးထွန်းခင် "အကြမ်းဖက်စစ်တပ်ကို များမကြာတဲ့ကာလ အတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရ တယ်။"
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး ICJမှာ ထုချေလွှာတင်သွင်း ဖို့ ပြင်ဆင်နေရတဲ့တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီး နားနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုအတွက် ရိုဟင်ဂျာတွေကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တာပါ။

Tuesday, June 13, 2023

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အသေးစိတ်တိုင်ကြားလွှာ တင်သွင်း

RFA
Carlos G. Hamann, special for RFA
2023.06.13 

အဓမ္မပြုကျင့်ခံရပြီး လည်ပင်းကို ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြန်ပြောပြနေသည့် Roshida Begum အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။Credit: Allison Joyce/Getty Images

ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီး နားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်က အစိုးရတရားရုံးမှာ အသေးစိတ် တိုင်ကြားလွှာ တင်သွင်းလိုက်ပါတယ်။

Saturday, June 10, 2023

လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရား ရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို

DVB
June 8, 2023 

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက် ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင်ငံ ရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */