Showing posts with label ရှိတ်ဟာစီနာ. Show all posts
Showing posts with label ရှိတ်ဟာစီနာ. Show all posts

Monday, June 10, 2019

ဒုက္ခသည်တွေကို မြန်မာက ပြန်လက်ခံဖို့ တွန့်ဆုတ် နေကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-10
ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ပြန်လည်လက်ခံဖို့ ကတိပေးထားပေမယ့် တကယ်တမ်း လက်ခံဖို့ တွန့်ဆုတ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့က စွပ်စွဲလိုက် ပါ တယ်။

တစ်ချိန်တည်းမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီပြဿနာကို မဖြေရှင်းချင်ဘဲ ရေရှည်ဆက် ထားချင်တဲ့ သဘောတွေ့နေရတယ်လို့လည်း ပြောလိုက်ပါတယ်။

Sunday, February 17, 2019

ရိုဟင်ဂျာတွေ နှိပ်စက်ခံရတဲ့ သက်သေ ICC စုဆောင်း ဖို့ပြင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်

နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လာမယ့် မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ်ကို သွားပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ နှိပ်စက်ခံခဲ့ရတဲ့ သတင်းအချက်အလက်တွေ စုဆောင်းမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူးလ် ဟာ့ခ် က မနေ့က ပြောလိုက်ပါတယ်။

Thursday, January 31, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ဖို့ Sheik Hasina လိုလား


ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာပါ။

Wednesday, January 30, 2019

မြန်မာအစိုးရက ရိုဟင်ဂျာများကို ပြန်ခေါ်ရန် အတွက် ဆက်လက် ဖိအား ပေးနေရန် လိုအပ်ဟု ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်ပြော

ရှား၊ Jan 30 2019 ၊  Rohingya Today

                                           ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးသံတမန်တို့ တွေ့ဆုံစဉ် (ဓါတ်ပုံ - BSS)


ဗီယက်နမ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို အတင်းအဓမ္မ ဖယ်ရှားခံရသည့် မြန်မာနိုင်ငံသား (ရိုဟင်ဂျာ) များကို ပြန်ခေါ်ရန်အတွက် ဆက်လက်ဖိအားပေးနေရန် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */