" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေရပ်ပြန်နိုင်ရေး. Show all posts
Showing posts with label နေရပ်ပြန်နိုင်ရေး. Show all posts

Sunday, September 24, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

RFA
RFA Burmese
2023.09.23

နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ။ UN 

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသ တွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြ တဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

Saturday, September 23, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးကြဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ စက်တင်ဘာ၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာ ပြန်နိုင် အောင် လုပ်ဆောင်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က သောကြာနေ့ ကုလသမဂ္ဂအထွေ ထွေ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။

Thursday, September 7, 2023

ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေး အကူအညီပေးကြဖို့ နိုင်ငံတကာ ကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၀၇ စက်တင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Shahabuddin (စက်တင်ဘာ ၇၊ ၂၀၂၃)
  
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒုက္ခသည် အကျပ် အတည်းကို ဖြေရှင်းရေးမှာ နိုင်ငံတကာက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတ Mohammad Shahabuddin က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဒီကနေ့ ပြောဆိုသွားပါဝယ်။

Monday, August 28, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

AYEYARWADDY TIMES
August 27, 2023 

ရိုဟင်ဂျာဒုက္ခသည်တွေ စေတနာ့အလျောက် ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင် ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ၆နှစ်ပြည့်နှစ်ပတ် လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြော ရေး ဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။

Monday, May 8, 2023

စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရမယ်ဆိုရင် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

လူထုနွေဦး
၈ မေ ၂၀၂၃


စစ်​ကောင်စီဟာ ICJ မှာတရားရင်ဆိုင်​နေတာမှာ ​ဖြေရင်းဖို့ အချိန်တစ်နှစ်တိုး​ပေးဖို့​တောင်းဆိုထားတာကို တရား ရုံးက ဧပြီ လမှာ အချိန် တစ်လတိုး​ပေးထားတာဖြစ်ပါတယ်။

(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)


▪︎ ရိုဟင်ဂျာ ၂၀ခန့်နဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ဦးတို့ဟာ​မေ ၅ ရက်က မောင်တောမြို့နယ်နဲ့ အနီး တဝိုက် ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် နေရာချထားရေး စခန်းတွေကို ပထမဆုံး အကြိမ်သွားရောက် ကြည့်ရှု့

 ပြန်လည် နေရာချထားရေး စခန်းတွေထဲမှာ ပိတ်လှောင် ခံနေရဦးမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်သွားမှာ မဟုတ် ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေက ပြောကြားခဲ့ပါတယ်။ 

Friday, May 5, 2023

ရိုဟင်ဂျာများအား နေရပ်ပြန်မပို့မီ စစ်ကောင်စီ၏ အသင့် ဖြစ်မှုနှင့် နိုင်ငံသားအခွင့်အရေးများကို အကဲဖြတ်ရန်ပထမ ဆုံးရိုဟင်ဂျာအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်

မဇ္ဇျိမ
By AA.com
05 May 2023

အဖွဲ့ဝင် ၂၀ ဦးပါသော ရိုဟင်ဂျာအဖွဲ့သည် ရှေ့ပြေးအစီအစဉ်အဖြစ် နေရပ်စွန့်ခွာသွားခဲ့သူများအတွက် ပြင်ဆင် ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ နေရာအဆောက်အဦများကို ကြည့်ရှုရန် မေလ ၅ ရက်တွင် နတ်မြစ်လမ်း ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက်ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာ အဖွဲ့၏ ပထမဆုံးအကြိမ်လာရောက်မှုဖြစ်ပြီး ယခုနှစ် မတ်လတွင် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းများသို့ စစ်ကောင်စီအဖွဲ့ဝင်များ ကြုံတောင့်ကြုံခဲ လာရောက်ပြီးနောက် ယခုခရီးစဉ်ထွက်ပေါ် လာ ခြင်းဖြစ်သည်။

Wednesday, August 31, 2022

ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး ကြိုးပမ်းနေလို NUG ပြော

B B C

ဘီဘီစီမြန်မာပိုင်း
၃၀ သြဂုတ် ၂၀၂၂ 

အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်လာနိုင်ရေး ကြိုးပမ်းနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြောလာပါတယ်။ သူတို့နေရပ်ကိုပြန်နိုင်ဖို့ ကောင်းမွန်သင့်တော်တဲ့အစီအစဥ်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း ပြောလာပါတယ်။ လက်ရှိပြည်တွင်းက ဒုက္ခသည်စခန်းတွေထဲမှာနေ နေရသူ ရိုဟင်ဂျာတွေဘက်ကရော NUG ဘက်က ပြောဆိုလာမှုအပေါ် ဘယ်လို သဘောထားပါသလဲ။ ကို ကျော်ဇေယျ က ပြောပါမယ်။


Link : Here

Friday, August 27, 2021

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ဆက်လက် ကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 သြဂုတ်၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အ တူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */