VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ စက်တင်ဘာ၊ ၂၀၂၄
Monday, September 30, 2024
ရိုဟင်ဂျာတွေကို ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ကတိပြု
Wednesday, June 7, 2023
ရိုဟင်ဂျာတွေကို အဓမ္မပြန်ပို့မှာ မဟုတ်ကြောင်း ဘင်္ဂလား ဒေ့ရှ် ကတိပြု
RFA
RFA Burmese
2023.06.06
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့မူရင်းဒေသ မြန်မာနိုင်ငံကို အဓမ္မပြန်လည်ပို့ဆောင်မှာ မဟုတ်ဘူးလို့ ကတိပေးထားကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး Kelly Clements က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာ သွားရောက်လေ့လာခဲ့ပြီးနောက် တနင်္လာနေ့က ထုတ်ပြန်ချက်မှာ “ဒုက္ခသည်တွေအနေနဲ့ မြန်မာပြည်ပြန် ဖို့ဆုံး ဖြတ် ရာမှာ ရှင်းလင်းတိကျတဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့လိုအပ်ပါတယ်၊ ဘယ်လိုအခြေအနေမျိုးမှာမှ သူတို့ကို အဓမ္မပြန်ပို့ခြင်း မပြုလုပ်သင့်သလို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း သူတို့အနေနဲ့ အဲဒီလို လုပ် ဆောင်မှာ မဟုတ်ပါဘူးဆိုတာ အာမခံစကားပြောခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
Sunday, January 19, 2020
ရခိုင်အရေး အကူအညီဆက်ပေးမယ်လို့ တရုတ်ကတိပြု
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ် နိုင် သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါ တယ်။