Showing posts with label ရိုဟင်ဂျာ ဒုက္ခသည် စခန်း. Show all posts
Showing posts with label ရိုဟင်ဂျာ ဒုက္ခသည် စခန်း. Show all posts

Tuesday, July 7, 2020

ရိုဟင်ဂျာစခန်းတွင်း ကိုဗစ်ကူးစက်မှုတိုးလို့ ဒုက္ခသည်တွေ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
07 ဇူလိုင်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ Kutupalong ဒုက္ခသည်စခန်းအနီးမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဧပြီ ၀၁၊ ၂၀၂၀)

သိန်းချီတဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက COVID 19 ကူးစက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေကို စုစည်းတင်ပြချင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။                                                                                                  

Thursday, June 11, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု

VOA
 ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
11 ဇွန်၊ 2020

မိသားစုနဲ့ခွဲပြီး သီးခြားခွဲ စောင့်ကြည့်ခံရမယ့် အရေး စိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမခံကြတာကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းမှာ COVID 19 ကူးစက်ပျံ့နှံ့မယ့် အရေး စိုးရိမ်စရာ ဖြစ်နေတဲ့ အကြောင်း AP နဲ့ Reuters သတင်းတွေကို အခြေခံပြီး တင်ပြပါမယ်။ ကျမ သိင်္ဂီထိုက်ပါ။
 
Link : Here 

Wednesday, June 10, 2020

ဝေးလှသည့် တရားရုံးများမှ တရားစီရင်မှုကို ကျွန်တော်တို့ မစောင့်နိုင်

Frontier
MYANMAR
Wednesday, June 10, 2020
၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်က သည်ဟိဂ်တရားရုံး၌ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားနေသည်ကို ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒုက္ခသည်စခန်းမှ တိုက်ရိုက်ဖမ်းယူကြည့်ရှုစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများသည် နိုင်ငံတကာတရားရုံးများမှ တရားစီရင်မှုကို သဘာ ဝမ ကျ၊ လက်တွေ့ဘဝနှင့် ကင်းကွာလှစွာ မျှော်လင့်နေခဲ့ကြပါသည်။ အိုင်စီဂျေရှေ့၌ ရှိနေသောအမှုသည် စိတ်ပျက် စရာ ပြီးဆုံးတော့မည့်ပုံပေါ်နေပါသည်။

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကုဖို့ ဆေးနဲ့ အထောက်အပံ့တွေ လိုအပ်နေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
06 ဇွန်၊ 2020
ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လာမယ့်သီတင်းပတ်တွေနဲ့ လတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြီး ဖြစ်ပွားခဲ့မယ်ဆိုရင် ရောဂါကုသဖို့အတွက် ဝန်ထမ်းတွေနဲ့ ဆေးပစ္စည်း အထောက် အပံ့တွေ လိုအပ်လာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ အကူအညီပေးနေတဲ့ လူသားချင်းစာနာမှု အ ကူအညီပေးရေး အဖွဲ့တွေက ပြောလိုက်ပါတယ်။ အဲဒီ လိုအပ်တဲ့ အထောက်အပံ့တွေ မရဘူးဆိုရင်တော့ သူ တို့အနေနဲ့လည်း ရောဂါကူးစက်မှု ပြင်းထန်ပြီး အသက်ရှင်ဖို့အတွက် ကုသမှုလုပ်ဖို့ လိုတဲ့လူကို ရွေးချယ်ပြီး ခွဲတမ်းနဲ့ ကုသဖို့ ဆုံးဖြတ်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Saturday, May 16, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရလို့ စိုးရိမ်မကင်းဖြစ်နေကြ

SBS မြန်မာ
16 May 2020
A Rohingya refugee stands atop his makeshift shelter in Cox’s Bazar, Bangladesh. Source: Anthony Kwan/MSF
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာရှိပြီး ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိလို့ စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။
 
 ရိုဟင်ဂျာ ဒုက္ခသည်အယောက် ၁ သန်းနီးပါးရှိတဲ့ နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အရေးပေါ် အဖွဲ့တွေက ထပ်မံကူးစက်ပြန့်နှံ့မှု မဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */