" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင့်တပ်မတော်. Show all posts
Showing posts with label ရခိုင့်တပ်မတော်. Show all posts

Sunday, April 28, 2019

ဖမ်းထားသည့် လမ်းလုပ်သားများကို ပြန်လွှတ်မည့် အချိန် မပြောနိုင်သေးဟု အေအေပြော

DVB
By ပြည့်ဘုန်းအောင်
28 April 2019
အေအေအဖွဲ့မှ လမ်းလုပ်သားဝန်ထမ်းတွေကို ဖမ်းဆီးသွားသည့်နေရာ

ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ကနေ စစ်ထောက်လှမ်းရေးဆိုပြီး ဖမ်းဆီးထားတဲ့ လမ်းလုပ်သားဝန် ထမ်း တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆောင်ရွက်နေပြီး လွှတ်မယ့် အချိန်ကိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့ အေအေအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝလမ်းဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီက လမ်းလုပ်သား ၈ ဦးနဲ့ တခြား ၀န်ထမ်း ၄ ဦး စုစုပေါင်း ၁၂ ဦးကို စစ်ထောက်လှမ်းရေးဆိုပြီး အေအေဖွဲ့က ဖမ်းဆီးထားတာ ၁ လကျော် ကြာမြင့်နေ ပါပြီ။

Wednesday, March 20, 2019

ရခိုင်မြောက်ပိုင်းဒေသ တိုက်ပွဲများ အရှိန်မြင့်

VOA 
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ အရှိန် ပိုမြင့်တက်လာနေ သလို မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေနဲ့ အင်အားသုံး တိုက်ခိုက်နေတာ တွေ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် ဘက်မှာလည်း မနေ့က ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Thursday, February 28, 2019

ရခိုင်မြောက်ပိုင်း ရဲယာဉ်တန်း တိုက်ခိုက်ခံရ ရဲနှစ်ဦး သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန် ၊ 28 ဖေဖော်ဝါရီ၊ 2019

အောက်တိုဘာ ၂၀၁၆ တုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးရဲယာဉ်ကို တွေ့ရစဉ် 

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ မနေ့ညပိုင်းက ရဲတပ်ဖွဲ့ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရလို့ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ သင်ပုန်းတန်းကျေးရွာ ဘက် မှာလဲ လက်နက်ကြီး ကျည်ဆံပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */