" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စခန်းခေါင်းဆောင်. Show all posts
Showing posts with label စခန်းခေါင်းဆောင်. Show all posts

Tuesday, February 28, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံရိုဟင်ဂျာဒုက္ခသည်စခန်းခေါင်းဆောင်တစ်ဦး ထပ်မံရိုက်နှက်ခံရ

BBC
2023-02-28
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု (ပုံဟောင်း)


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ စခန်းခေါင်းဆောင်တစ်ဦးကို လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖေဖော်ဝါရီ ၂၅ ရက်နေ့ညနေပိုင်းက ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံလိုက်ရသူဟာ ဘာလူခါလီစခန်း အမှတ် ၁၈ ရဲ့ စခန်း ခေါင်းဆောင် မိုဟာမတ် နော်ဆိမ်ဖြစ်ပြီး အဲဒီနေ့ ညနေ ၇ နာရီခွဲခန့်မှာ သူ့နေအိမ်အနီးက ဈေးဆိုင်ကို ရောက်နေစဉ် တုတ်၊ ဓားတွေနဲ့ ရိုက်နှက်ခံလိုက်ရတာဖြစ် တယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေက ပြောဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ အခုလအတွင်း ရိုက်နှက် သတ်ဖြတ်ခံရမှုတွေ ပိုအဖြစ်များလာပါတယ်။

စခန်းခေါင်းဆောင် မိုဟာမတ် နောက်ဆိမ်ဟာ ဝိုင်းဝန်းရိုက်နှက်ခံလိုက်ရတဲ့အတွက် ကျောကုန်း၊ လက်၊ ခေါင်းတို့ မှာ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

၎င်းအားရိုက်နှက်နေကြစဉ် စခန်းအတွင်းမှာရှိသူတွေ ရောက်ရှိလာခဲ့တဲ့အတွက် အသက်မသေခဲ့ပေမဲ့ ဒတ်ရာတွေ ပြင်း ပြင်းထန်ထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။

‌ဖောဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ည ၉ နာရီကျော်အချိန်မှာ လူ ၁၀ ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ကုတုပါလောင်စ ခန်း အတွင်း ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့ကြတဲ့အတွက် ဒေသလုံခြုံရေးအဖွဲ့တွေ လာ ရောက်ရှင်းလင်းခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။

အဲဒီလူတွေဟာ အာဆာအဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ အဲဒီစခန်းမှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်မှာပဲ ကုတုပါလောင် အမှတ် ၁၇ ဒုက္ခသည်စန်းက ဘာသာရေး ခေါင်းဆောင် မော်လဝီ ရှောမ်ရှုအာလောမ် ၃၈ နှစ်ဟာ အာဆာအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ ရပါတယ်။

ဒါ့အပြင် အခုလ ၁၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Bazaar ခရိုင် အူခီယားမြို့နယ်အတွင်းက ဘာလူ ခါလီမှာရှိတဲ့ အမှတ် ၁၂ ဒုက္ခသည်စန်းခေါင်းဆောင် ဦးအဒူရော်ဟိမ် ၃၇ နှစ်ဟာသူ့ရဲ့ရုံးခန်းကို အသွား လမ်းမှာ အာဆာတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။

ဒါဟာ အာဆာတပ်ဖွဲ့ဝင်တွေ အခြေချခိုလှုံနေကြတဲ့ နယ်စပ်မျဉ်းပေါ်က ဒုက္ခသည်စခန်းအတွင်း အာဆာအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ RSO တို့ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းတချို့ မီးရှို့ဖျက်ဆီးခံရတဲ့နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စခန်းတွေမှာ ခုလို သတ်ဖြတ်မှုနဲ့ ရိုက်နှက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။

Link : Here

Monday, October 31, 2022

ရိုဟင်ဂျာခေါင်းဆောင်တွေ သတ်ဖြတ်မှုမှာ သံသယရှိသူတွေ ကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၀ အောက်တိုဘာ၊ ၂၀၂၂

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လုပ်ကြံသတ်ဖြတ်ခံရသူများ (ဓါတ်ပုံ - Rohingya Refugees) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို တိုက်ခိုက်သတ် ဖြတ်တာတွေ တိုးလာပြီးတဲ့နောက်၊ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က သံသယရှိတဲ့သူတွေကို နှိမ်နှင်းတာတွေကို စတင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */