" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လွှတ်တော်. Show all posts
Showing posts with label လွှတ်တော်. Show all posts

Wednesday, May 27, 2020

ဗိုလ်ချုပ်ရုပ်ရုင် အတွက် ဘက်ဂျက်တောင်းခံမှုကို ဝန်ကြီး ဌာနပြန်ရှင်း


B B C
ဘီဘီစီ မြန်မာပိုင်း
မေလ ၂၇  ၂၀၂၀
အပြည်ပြည်ဆိုင်ရာပူးပေါင်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က ပြန်ရှင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုမှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဘတ်ဂျက် တောင်းခံမှု ပါဝင်နေတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တင်ပြ တောင်းခံခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော်တင် မေလ ၂၇ ရက်နေ့ ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ရှင်းလင်းသွားခဲ့ပါ တယ်။

Monday, July 15, 2019

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ ရက် ဇူလိုင် ၂၀၁၉။

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူ အညီပေးရေး လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘော ထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

Saturday, June 15, 2019

မြန်မာစစ်တပ်ကို အရေးယူမယ့် ဥပဒေကြမ်း အောက် လွှတ်တော်မှာ တင်သွင်း

13 ဇွန်၊ 2019

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ် အရေး ယူ မယ့် ဥပဒေမူကြမ်း တခုကို အမေရိကန် နိုင်ငံရေး ပါတီကြီး ၂ ခုက ထိပ်တန်းလွှတ်တော် အမတ် ၂ ယောက်က ပူးတွဲအဆိုပြုလိုက်ပါတယ်။

Wednesday, February 6, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆန္ဒမဲအများစုဖြင့် လွှတ်တော်အတည်ပြု

DVB
By ပိုင်စိုး,  6 February 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီကနေ့ ဖေဖော် ၀ါရီ ၆ ရက်မနက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

Tuesday, January 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ် ကိုယ်စား လှယ်တွေ မတ်တပ်ရပ်ကန့်ကွက်



The Standard Time Daily





ဇန်နဝါရီ-၂၉၊၂၀၁၉

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါတီကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

Thursday, February 7, 2013

( 07.02.2013 ) Dr. Aye Maung submitted a proposal at Amyothar Hluttaw


Dr. Aye Maung submitted a proposal at Amyothar Hluttaw (Upper House ) on 7 February 2013. The proposal is "so called Bengali Uprising in Rakhine State ". It was objected by U Hla Swe (USDP Party)
----------------------------------------------------
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */