24 February 2022
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့်
အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း
ထောက်ပြပြောဆိုသည်
မြန်မာကိုယ်စားလှယ်များဘက်က လျှောက်ထားသည့် ကန့်ကွက်ချက်များကို လက်မခံဘဲ ပယ်ချရန် ဂမ်ဘီယာ ကိုယ် စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က လျှောက်ထားသည်။
နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည် ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ များက တရားရုံး၌ ပြောကြားခြင်းဖြစ်သည်။