" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စကစ ကား. Show all posts
Showing posts with label စကစ ကား. Show all posts

Tuesday, November 15, 2022

ဘူးသီးတောင်မြို့နယ်၌ စစ်ကား ၂ စီးကို အေအေ မိုင်းဆွဲ တိုက်ခိုက်

DVB
14 November, 2022 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီကား ၂ စီး ကို နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီလောက်မှာ ဘူးသီးတောင်-ဂူတာပြင်လမ်း တောင်ကြားတနေရာမှာ ရက္ခိုင် တပ် တော် (အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက "  ည ၇ နာရီခွဲ ကျော်လောက်မှာ ဘူးသီးတောင်မြို့ပေါ်က စစ်ကား နှစ်စီး စစ်သား အပြည့်နဲ့ ဘူးတောင်-ဂူတာပြင် ဘက်ကိုဆင်းသွားကြတယ်။ ဂေါက်ကွင်းအလွန်မှာ ပေါက်ကွဲသံ နှစ်ချက်ကြား ရတယ်။ လက်နက်ကြီးလက်နက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီလောက်ဖြစ်ခဲ့ကြတယ်။"လို့ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */