"ပူးတွဲထုတ်ပြန်ကြေညာချက်"
***************************
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
tni
ပဋိပက္ခနှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (State Administration Council) သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တော်လှန်ခုံခံမှုများကို နှိမ်နှင်းရန် ‘ခွဲခြား-အုပ်ချုပ်ရေး’ (divide and rule) နည်းဗျူဟာများကို အသုံးပြုန်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သို့သော်ရက္ခိုင် ပြည်တွင်း အတွေ့အကြုံများကို သုံးသက်ချက်အရ အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖော်ဆောင်၍ဖြစ်စေ၊ အတိုက်အခံလှုပ်ရှားမှုများကို ပြိုကွဲစေ၍ဖြစ်စေ စစ်ကောင်စီ၏ ထိုကဲ့သို့ သွေးခွဲသက်သျှိုသော နည်းဗျူဟာများသည် အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း ကိုနိုင်လင်းမှ ယခု ဆောင်းပါးတွင် ရှင်းပြထားပါသည်။ ယင်းအစား စစ်ကောင်စီသည် အတိတ်ကာလများမှ ကျရှုံးမှုများကို ထပ်ခါကျူးလွန်နေပြီး၊ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) မှ နယ်မြေဒေသတလွှားတွင်လည်း ဩဇာလွမ်းမိုးမှုကို ဆက်လက်တည်ဆောက် လျက်ရှိနေသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အရေးပေါ်ကာလတစ်ခုတွင် ရောက်ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု (၂) နှစ်ခွဲကြာလာသည့်တိုင် ‘နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ’ ဟု တရားဝင်သိထား ကြသော စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံလိုလားသော တော်လှန်ခုခံလှုပ်ရှားမှုများဆက်လက် ဖြစ်ပေါ်၊ တိုးလာနေစဥ်မှာပင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည် မတည်ဆောက်နိုင်သေးပေ။ အခု အခြေအနေများသည် ၁၉၈၈ စက်တင်ဘာ ယခင် စစ်အာဏာသိမ်း မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ ကသောင်းကနင်း အခြေအနေများနှင့်လည်း လွန်စွာ ကွဲပြားလှပါသည်။
Myanmar Now
သုတဇော်
February 16, 2024
AA သည် ယခုအခါ ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့သော ရှေးဟောင်းမြောက်ဦးမြို့အပါ အဝင် ရခိုင်ပြည်နယ်ရှိ မြို့ ငါးမြို့နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဖြတ်၍ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းသွားသည့် ကုလားတန်မြစ်ဝပေါ်ရှိ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီး ပင်လယ်ကမ်းရိုးတမ်းဒေသအချို့ကို ထိန်းချုပ်လိုက်နိုင်သော တစ်ခုတည်းသော တိုင်းရင်းသားအင်အားစု ဖြစ်လာခဲ့ပြီဖြစ်သည်။
ဧရာဝတီ
by အေးချမ်းဆု
13 October 2023
ဆောင်းပါး
စစ်ဒေသ (၂)
စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့်ရန်ကုန် တိုင်းတို့ ပါဝင်၏။ စစ်ဒေသ (၂) ရှိ တပ်များအားလုံးအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူး တွဲ၍ ကွပ်ကဲမှုယူပြီး ဖြစ်သည်။
The Irrawaddy
October 13, 2023
ISP Peace Desk
History
သမိုင်းအတွေ့အကြုံ
၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်မှာ သမ္မတစဝ်ရွှေသိုက် နှင့် ဝန်ကြီးချုပ် ဦးနု တို့ ဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် အာဏာရဖဆပလအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအကွဲအပြဲများစွာ ကြုံတွေ့ခဲ့ရပြီး ၁၉၄၈ မတ် ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တောခိုခဲ့သည်။
ဗကပပါတီ တောခိုမှုနှင့်အတူ ရဲဘော်ဖြူအဖွဲ့လည်း တောခိုခဲ့ပြီး ဖဆပလအစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်၊ ပအို့ဝ်၊ ရခိုင်တို့၏တော်လှန်မှုများသာမက ရခိုင် ပြည် နယ်တွင်လည်း မူဂျာဟစ်တို့၏ ပုန်ကန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။