" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. Show all posts
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. Show all posts

Monday, August 31, 2020

ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် သတ်မှတ်ဖို့ အမေရိကန်ကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
31 သြဂုတ်၊ 2020

ရိုဟင်ဂျာတွေ အပေါ် ရက်စက် ဖိနှိပ်မှုတွေကို လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် အမေရိကန်ဘက်က သတ် မှတ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပြီး အမေရိကန်ကသာ ဦးဆောင်ရင် တခြားနိုင်ငံ တွေလည်း ပါဝင်လာမှာ လို့ ပြောဆိုကြပါတယ်။ Cindy Saine ရဲ့ သတင်းဆောင်းပါးကို ပြောပြပါမယ်။ ကျမ သိင်္ဂီထိုက်ပါ။

လင့်၊https://burmese.voanews.com/a/rohingya-uscirf/5563994.html?fbclid=IwAR07p8gxSEotxTmDCQui9wVgz4hIUZMS3-W0Y-Ny8GrvAvghDfAPt6XmBQI

Thursday, January 23, 2020

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက် ICJ အမှု သိသင့်တဲ့ ၄ ချက်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ် တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေ မှာ တရားစွဲထားတဲ့ အမှုရဲ့ ကြားဖြတ် အစီအ မံ အတွက် ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၂၃ ရက် (ကြာသပတေးနေ့) မှာ အမိန့် ချမှတ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့တရားရုံးထိ မြန်မာနိုင်ငံ ဘာကြောင့် ရောက်သွားခဲ့ရတာလဲ အပါအဝင် အမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အဓိက အချက် ၄ ချက်ကို ရုပ်သံမှာ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။

တင်ဆက် - အေးသူစံ၊ ရိုက်ကူး/တည်းဖြတ် - ဝင်းကျော်သူ / ဘီဘီစီမြန်မာပိုင်

Friday, December 20, 2019

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှု မြောက်မမြောက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-12-20





ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်အခြေစိုက် Genocide Watch လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့ သုံးရက်ကြာ အပြန်အလှန် လျှောက်လဲခဲ့ကြတာတွေကို အခြေခံပြီး Genocide Watch အဖွဲ့ရဲ့ဥက္ကဋ္ဌ Gregory Stanton က အခုလို သုံးသပ်ထားတာပါ။

ပါမောက္ခ Gregory Stanton ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

လင့်၊https://www.rfa.org/burmese/interview/rohingya-genocide-icj-12202019115000.html

Friday, December 13, 2019

မြန်မာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲ ချက်ကို နိုင်ငံတကာတရားရုံး ကြားနာမှုပြီးဆုံး

NHK World Japan
2019-12-13

မြန်မာက ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ ၃ရက်ကြာ ကြားနာမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက အစ္စလာမ်နိုင်ငံများ အဖွဲ့အစည်း OIC ကိုယ်စား တရားစွဲဆိုတာ ဖြစ် ပါတယ်။ မြန်မာဟာ ရိုဟင်ဂျာတွေအပေါ်ကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။

Wednesday, December 11, 2019

လူမျိုးတုံးသတ်ဖြတ်မှုမမြောက် အတိုင်ပင်ခံ ICJ ကို လျှောက်လဲ

VOA

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မ မြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

Monday, December 9, 2019

လူမျိုးတုံးရှင်းလင်းရာရောက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေဆဲ ပဲလို့ Fortify Rights ထုတ်ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
 ကျော်လွင်ဦး
2019-12-08 
 White Card ခေါ် ယာယီသက်သေခံ လက်မှတ်များ ၂ဝ၁၅ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးကြောင်း သမ္မတဦးသိန်းစိန်အစိုးရက ကြေညာပြီးနောက် White Card ပြန်လည်အပ်နှံပြီးကြောင်း အထောက်အထားစာရွက်ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာတစ်ဦး။
Screenshot: Fortify Rights


ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆို ချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက် ကျူးလွန်နေ တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

Saturday, September 14, 2019

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကန်ဆောင်ရွက် မည်

VOA 
ဗွီအိုအေ (မြန်မာဌာန)
13 စက်တင်ဘာ၊ 2019 
စုစု
 
  ရိုဟင်ဂျာ ဒုက္ခသည်ထဲက ပထမဦးဆုံး မြန်မာဘက်ကို ပြန်သည့် အသုတ် (ဓါတ်ပုံ-MOI Government News) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ စတင်နိုင်ဖို့ အခက်အ ခဲတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်ဝင်လာတဲ့ မွတ်ဆလင် ၆ ဦး အပါအဝင် အခုချိန် ထိ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာသူ ၂၇၁ ဦး ရှိသွားပြီလို့ နယ်စပ်မှာရှိတဲ့ ပြန် လည် လက်ခံရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာသံတမန်တွေနဲ့ မြန်မာအစိုးရက စစ်တွေမြို့မှာ တွေ့ဆုံပေးခဲ့တယ်လို့ ဆိုပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */