Showing posts with label လက်နက်ကြီးကျရောက်. Show all posts
Showing posts with label လက်နက်ကြီးကျရောက်. Show all posts

Monday, September 19, 2022

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးကိုတွေ့ဆုံပြီး လက်နက်ကြီးကျည်များမှာ AA ကပစ် ခတ်ခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားပိုင်နက်ထဲအေအေ စခန်း များရှိကြောင်း ပြောဆိုခဲ့ဟုဆို

Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမစ္စတာ မန်ဂျူရူလ် ကရင်လ် ချောင်ဒရီအား ယနေ့နံနက် (၉) နာရီခွဲတွင် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။ 

Thursday, February 13, 2020

ဘူးသီးတောင် စာသင်ကျောင်းပေါ်လက်နက်ကြီးကျ၊ ကလေး ၂၁ ဦးဒဏ်ရာရ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.13
  ကျောင်းဆောင်ပျက်စီးသွားပြီး စာသင်နိုင်တဲ့ အနေအထားမရှိတော့ဘူလို့ ဆိုပါတယ်။


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ ကျောင်းသား ၂၁ ဦး ဒဏ် ရာရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ဘူးသီးတောင်တွင် မူလတန်းကျောင်းအတွင်း လက်နက် ကြီး ကျ၊ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးဒဏ်ရာရ

TheVoiceWeekly Journal

13-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာအတွင်းရှိ မူလတန်းလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ ခမွေချောင်းကျေးရွာသည် ခမီတိုင်းရင်းသား အများဆုံးနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ကာ အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့သည့် မူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ခန့် ပညာသင် ကြားနေကြောင်း သိရသည်။

Wednesday, February 12, 2020

ဘူးသီးတောင် မွတ်ဆလင်ရွာ လက်နက်ကြီးကျ၊ သုံးဦးသေ


B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.12
 ၂၀၁၉ နိုဝင်ဘာ တိုက်ပွဲနောက်ပိုင်း သရက်ပြင်ရွာအနီး ရွာသားတွေ သွားလာရခက်ခဲ

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ် (မွတ်ဆ လင်) ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီလောက်က နေအိမ်ပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့လို့ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

Saturday, January 25, 2020

ဘူးသီးတောင်မှာ ရွာထဲ လက်နက်ကြီးကျည်ကျ နှစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

B B C

ဘီဘီစီ မြန်မာပိုင်း
2020.01.25  

လက်နက်ကြီးပစ်ခတ်မှုကို တပ်မတော်နဲ့အေအေ နှစ်ဖက်စလုံးက ငြင်းပါတယ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ကင်းတောင် မွတ်ဆလင် ကျေး ရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ



RFA
လွတ်လပ်တဲ့အာရှအသံ
2020.01.25

■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံး ခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ဧရာဝတီ 
By မင်းအောင်ခိုင်
25 January 2020
 လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသည့် ကင်းတောင်ရွာမှ မွတ်ဆလင် အမျိုးသမီး ၁ ဦး / ဘူးသီးတောင်သတင်းဌာန / Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ရွာထဲသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညအချိန် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်ရှိ ကျေးရွာသို့ လက်နက်ကြီးကျည်ကျ နှစ်ဦး သေဆုံး ခုနစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
25 JAN 2020   |
စိုင်းဝဏ္ဏ
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရှိကာ ဆေးရုံ၌ ကုသမှု ခံယူနေသူအား တွေ့ရစဉ်။ ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မွတ်စလင်အများစုနေထိုင်သည့် ကင်းတောင်ကျေးရွာ အတွင်းသို့ဇန်န ဝါရီ၂၅ ရက် ညသန်းခေါင်ကျော် နံနက် ၁နာရီ မိနစ် ၂၀ ဝန်းကျင်က လက်နက်ကြီးကျည် ကျ၍ အရပ်သား နှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။

Saturday, December 14, 2019

လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင် နေအိမ်တချို့ မီးလောင်

RFA
လွတ်လပ်တဲ့အာရှအသံ
2019-12-14
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာအတွင်းက လက်နက်ကြီးကျည် ကျရောက်လို့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တချို့ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: MP Oung Thaung Shway

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် သုံးလုံး ကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဒီနေ့မနက်ကလည်း လက်နက်ကြီးကျည်တွေ ထပ်မံ ကျရောက်လို့ နောက်ထပ် နေအိမ် နှစ်လုံး မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */