Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Tuesday, December 21, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ခင်မမမျိုး
ဘလောက်မှကူးယူသည်။



၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်း သတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ- ပစိဖိတ်လုံခြုံ ရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေး သမားတွေကို အပြီးသတ်ချေ မှုန်းရေးစစ်ပွဲ၊ လတ်တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန် ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာ ဏာရှင်လက်ပါးစေစစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေး စီမံချက် နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကို မတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ် တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှု စတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသ ရဲ့ မဟာဗျူဟာ အချက်အချာ အကျဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Friday, January 31, 2020

ICJ အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးသြဇာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
Jan 31, 2020

■ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တိုင် ကြား ထားတဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးတက်ပြီး ရင်ဆိုင်ခဲ့တဲ့အတွက် ပြည်တွင်း မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ ပိုမြင့်မားလာတာ တွေ့ရပါတယ်။

နိုင်ငံတကာမှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဒေါ်အောင်ဆန်း စု ကြည်က ကာကွယ်ပြောဆိုခဲ့တဲ့အတွက် ဝေဖန်မှုတွေက ပိုများလာပါတယ်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ဒီမိုကရေစီ ခေါင်းဆောင်တဦးအဖြစ် ကမ္ဘာကသိကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတူကွဲပြားတဲ့ အမြင် တွေ အကြောင်း RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

လင့်၊https://www.youtube.com/watch?v=hkXF6XHgbCU

Friday, March 22, 2019

ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ မရှိကြောင်း NLD ပါတီပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-21
LD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးက ဒေါက်တာအေးမောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ် သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောခဲ့ တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှု လို့သာ သတ်မှတ်ရ မှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

Saturday, January 12, 2019

ရခိုင်အမျိုးသားအင်အားစု ဖွဲ့စည်းဖို့ ဆုံးဖြတ်

                                             ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်မှာ ၂၀၁၉၊ ဇန်နဝါရီ ၁၂ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပစဉ်

ရခိုင် နိုင်ငံရေးပါတီတွေနဲ့ ရခိုင် လူမှုအသင်းအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် ရခိုင်အမျိုးသား ညီညွတ် ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို တညီတညွတ်တည်း ဖြစ် အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေ ပွဲကနေ ဆုံးဖြတ်လိုက်ကြပါတယ်။

Wednesday, January 9, 2019

ရိုဟင်ဂျာ ပြန်လက်ခံရေး အစီအစဉ် မရေရာသေး


ရိုဟင်ဂျာဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စနိုင်ဖို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို အကြောင်းကြားထားပေမယ့် ခုချိန်ထိအကြောင်းမပြန်သေးဘူးလို့ မြန်မာ အစိုး ရဘက်ကဆိုပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ် ဖက်က ထပ်မံ ပေးပို့ ထားတဲ့ ဒုက္ခသည် ၂ သောင်း ကျာ် စာရင်းမှာ လိုအပ်ချက်တွေရှိနေတာတွေ ပြန်တောင်းခံထား တာကိုလည်း ပြန်လည်ဖြည့်စွက် ပေးပို့တာ မရှိသေးဘူးလို့လဲ ဆိုပါတယ်။ ၂သောင်းကျော် စာရင်းထဲက အယောက် ၆၀၀ကျော် စိစစ် ထားပြီး ဖြစ်တယ် လို့  မြန်မာအစိုးရက ပြောပေမယ့်၊ ဒီ ဒုက္ခသည် တွေ နေရပ်ပြန်ရေး ဘယ်တော့ ပြန်စနိုင်မလဲဆိုတာ မရေမ ရာရှိနေတုန်းပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က စုစည်းတင်ပြထားပါတယ်။

ရခိုင် စစ်ရေးတင်းမာမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကုလ တိုက်တွန်း



လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူ ပမ်ကြောင်းနဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ရင်ဆိုင်နေရ တဲ့ အခက် အခဲတွေကို ဆွေးနွေးမည်


ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေပါဝင်တဲ့ အစည်းအဝေး ဖိတ်ကြားလွှာကို တွေ့ရစဉ် Photo: Arakan National Party

ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင် အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေရဲ့ ဆွေးနွေးပွဲကို ရခိုင် အမျိုး သားပါတီက ဦးဆောင်ပြီး စစ်တွေမြို့မှာ ကျင်းပဖို့စီစဉ်နေပါတယ်။

စစ်တွေဆိပ်ကမ်း လုပ်ငန်းတာဝန်တွေယူဖို့အိန္ဒိယ အဆင်သင့်ဖြစ်

အရှေ့ကြည့်မူဝါဒကို အဓိကတိုးမြှင့်ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရက အိမ်နီးချင်း မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်း ကွပ်ကဲမှုကို တာဝန်ယူဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

စစ်တွေဆိပ်ကမ်းက အခြေခံအဆောက်အအုံတွေကို အိန္ဒိယရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အခု စတင်လည်ပတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အိန္ဒိယအစိုးရ ရေကြောင်းနဲ့ ကုန်းလမ်းသယ် သူပို့ ဆောင် ရေးဆိုင်ရာ ဝန်ကြီး Mansukh L. Mandaviya က အိန္ဒိယ အောက်လွှတ်တော်အမတ် Rajya Sabha ရဲ့ အမေးကို စာနဲ့ပြန်လည် ဖြေကြားခဲ့ကြောင်း Sputnik သတင်းမှာ ဖေါ်ပြထားပါတယ်။

Tuesday, January 8, 2019

ဘင်္ဂလားဒေ့ရှ် ကို ဂျပန်ကူညီ

                                                         ရိုဟင်ဂျာဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေ အတွက် ဂျပန်အစိုးရက ၂၀၂၀ ဒီဇင်ဘာလအထိ အမေရိကန် ဒေါ်လာ ၅ သန်း ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */