VOA
29 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
29 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
Bhasan Char ကျွန်း
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာ ချ ထားမယ့် အစီအစဉ်ကို လေ့လာအကဲခတ်လိုကြောင်း ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတယောက်က ပြောဆို လိုက်ပါတယ်။ ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေချိန်မှာပဲ အကဲခတ် ခွင့်ပြုဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး Kelly Clements က ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို မနေ့တုန်းက ပြောဆိုလိုက်တာပါ။