Showing posts with label ရခိုင်ပြဿနာ. Show all posts
Showing posts with label ရခိုင်ပြဿနာ. Show all posts

Wednesday, December 4, 2019

ရခိုင်ပြသနာအတွက် နိုင်ငံတကာကို ဒေါ်စုဝေဖန်

VOA  
ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2016
ဦးကျော်ဇံသာ
  ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ Channel NewsAsia- CNA ရဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်း။ (MOFA) 
 
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု ဟာ ပြသနာ ပိုမိုကြီး ထွားစေတယ် လို့ မြန်မာနိုင်ငံတော်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အခြေအနေတွေကို မျှမျှတတရှုမြင်ကြဖို့လဲ တိုက်တွန်းလိုက်ပါတယ်။ Reuters သတင်းထောက်တွေဖြစ်ကြ တဲ့ Aradhana Aravindan နဲ့ Yimou Lee တို့ Singapore နိုင်ငံ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကပေးပို့တဲ့ သ တင်းလွှာကို ဦးကျော်ဇံသာ က တင်ပြပေးထားပါတယ်။

Friday, October 25, 2019

ရခိုင်ပြဿနာ အကြမ်းဖက်မှုကို ယန်ဟီးလီ လျစ်လျူမရှု

VOA
ဗွီအိုအေ (မြန်မာဌာန)
25 အောက်တိုဘာ၊ 2019 
အင်ကြင်းနိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် လုပ်ရပ်ကို သူတို့ အာရုံမစိုက်ခဲ့ဘူးဆိုတာ မဟုတ်ပဲ အဓိက အင်အားအဆမတန် သုံးပြီး နိုင်ငံတကာဥပဒေ ကို ချိုးဖောက်တဲ့အထိ မြန်မာစစ်တပ်က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်ကို အဓိက ထောက်ပြနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တုံ့ပြန်ပြောဆိုလိုက်ပါ တယ်။

Thursday, July 18, 2019

ရခိုင်ပြဿနာ မြန်မာအစိုးရ တာဝန်ယူဖြေရှင်းဖို့ ကန် ဒုသမ္မတ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 ဇူလိုင်၊ 2019
အမေရိကန်ဒုသမ္မတ Mike Pence
 မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ မေ့ထားမှာမဟုတ်ပဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီး ချင်းဘင်္ဂလာဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ် ခေါင်းဆာင် လေးဦးကို အမေရိကန်က အရေးယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

Monday, April 1, 2019

ရခိုင်ပြည်ငြိမ်းချမ်းရေး အလားအလာ (စနေည တိုက် ရိုက်လေလှိုင်း)

VOA  
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း 
မအေးသန္တာကျော်
30 မတ်၊ 2019 
 
ရခိုင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေဟာ အရှိန်လျှော့ပါးလာမှုမရှိပဲ ဒေသခံတွေလည်း အ တော်လေး ထိခိုက်မှုတွေရှိနေတာကြောင့် ရှေ့ဆက်အခြေအနေတွေ ပိုပြီးတော့ ကောင်းလာနိုင် မလား ဆို တဲ့ ပူပန်မှုတွေရှိနေပါတယ်။

Wednesday, March 27, 2019

ရခိုင်ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံးအဖြေရှာ ကြပါ

ဧရာဝတီ 
By ဧရာဝတီ 18 March 2019
Urgent Political Action Needed to Solve Rakhine’s Problems  ( ဘာသာၿပန္ )

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် တက်ရောက်လာစဉ် / ဧရာဝတီ

ဇန်နဝါရီလ ၄ ရက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အကြိုတွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲတပ်ဖွဲ့ စခန်း ၄ ခုကို တပြိုက်နက် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီး AA က နောက်လာမည့် ရက်သတ္တပတ်များနှင့် လများ အတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း နေပြည်တော်အစိုးရသို့ အချက်ပေးခဲ့သည်။ တိုက်လည်း တိုက်ခဲ့သည်။ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုဖြစ်ပွားစဉ် အတွင်း တပ်မတော်၏ ယာယီစစ်ဗျုဟာ စခန်းတခုကို သိမ်းပိုက်၍ စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း AA က ကြေညာခဲ့သည်။

Thursday, March 14, 2019

ရခိုင်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ၊
13 မတ်၊ 2019
ရခိုင်စစ်ဘေး ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)

အခုတလော တနေ့တခြား ဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယေ်အခြေအနေဟာ ပြည်ထောင်စုအတွက် စိမ်ခေါ် မှုကြီးတရပ် ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးလောကမှာ တခါမှမအောင်မြင် ဘူးတဲ့ လက်နက် ကိုင် အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါသလား၊ ဘယ် လို အဖြေရှာသင့်သလဲဆိုတာကို မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Saturday, September 23, 2017

တော်လှန်ရေးတပ်ဦးမှ ရခိုင်ပြဿနာ ဖခင်အောင်ဆန်းမှ သမီးအောင်ဆန်း

The Voice Journal
The Voice Weekly Journal
by Sep 23, 2017
 
တော်လှန်ရေးတပ်ဦး
ဖခင်အောင်ဆန်း၏ ခေါင်းဆောင်မှု


အမှန်စင်စစ် ဖက်ဆစ်တော်လှန်ရေး မတိုင်မီကပင် ‘ဖတပလ’ ၏ မူလလမ်းစဉ်မှာ ‘တော်လှန်ရေးတပ် ဦးစာချုပ်’ (ပြည်သူ့အရေးတော် ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ သဘောတူချမှတ်ထားသော လမ်းစဉ်) ပင်ဖြစ်သည်။ ဤလမ်းစဉ်မှာ ယခုလို …။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */