" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ. Show all posts
Showing posts with label အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ. Show all posts

Sunday, October 2, 2022

NUCC ဘာလဲ ဘယ်လဲ (သို့မဟုတ်) NUCC ကဘာကြောင့် အားကောင်း မလာရတာလဲ



NUCC ဟု အတိုခေါက် ခေါ်ဆိုနေကြသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ပထမဆုံးသော ပြည် သူ့ညီလာခံကို ၂၀၂၂ ဇန်နဝါရီလက ကျင်းပခဲ့သည်။ အစုအဖွဲ့ ၅ ဖွဲ့ကို ကိုယ်စားပြုသော အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့နှင့် တည်ဆောက်ထားသည်ဆိုသည့် NUCC တွင် အဆင့် ၁၂ ဆင့်ပါ လမ်းပြမြေပုံဖြင့် လုပ်ငန်းများကို အ ကောင်အထည် ဖော်လျက်ရှိပြီး၊ ၆လလျှင် ၁ကြိမ် ခေါ်ယူသော ပြည်သူ့ညီလာခံက NUCC ရေးဆွဲချမှတ် အ ကောင် အ ထည်ဖော်မည့်/နေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် များ ကို အတည်ပြုပေးမည်ဟု သိရသည်။


သို့သော် ပထမအကြိမ် ပြည်သူ့ညီလာခံ ကျင်းပပြီးစီးခဲ့အပြီး ၆လကျော် ၇လအတွင်း ဝင်ရောက်လာသော်လည်း ယနေ့အချိန်ထိ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည့်သတင်း စိုးစဥ်းမှမကြားရ။ အထူးသဖြင့် ပြည်သူတစ် ယောက်အနေနှင့် NUCC နှင့်ပတ်သတ်သည့် သတင်းများ ရယူသိရှိရန်မှာ ယခင်အတိုင်းပင် ခက်ခဲဆဲ နက်နဲနေ ဆဲပင်..။ ဒီကြားထဲတွင်မှ ပြီးခဲ့သည့်လပိုင်းများအတွင်း NUCC စုဖွဲ့မှုမှ NLD ပါတီ နှင့် ကချင်နိုင်ငံရေး ကြားကာ လ ညှို့နှိုင်းရေးအဖွဲ့ (KPICT) အဖွဲ့များ နှုတ်ထွက်မှုများက NUCC အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */