" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အပြန်အလှန်ပစ်ခတ်. Show all posts
Showing posts with label အပြန်အလှန်ပစ်ခတ်. Show all posts

Sunday, June 28, 2020

ဘင်္ဂလားဒေ့ရှ်ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာ ၄ ဦး သေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
28 ဇွန်၊ 2020 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (ဧပြီ ၁၂၊ ၂၀၂၀)


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတခုအနားမှာ ရာဇဝတ်ဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ အမျိုးသား ၄ ယောက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသွား ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Cox's Bazar ခရိုင်အတွင်းမှာ အဲဒီရာဇဝတ်သားတွေ ရှိနေတာကို သတင်းရရှိတာကြောင့် သောကြာနေ့ မွန်းတည့်ချိန်လောက်မှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီနင်းချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့လည်း ရဲအရာရှိ Iqbal Hossain က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */