Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Friday, February 8, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရခိုင်၊ ခမီ လူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး


 2019-02-07


    အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
                                                                                                                                                 Photo: Soe Lin Tun


အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေး ငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Wednesday, February 6, 2019

ရခိုင်အရေး စိတ်ရင်းမှန်နဲ့ ဖြေရှင်းဖို့ Jolie တိုက် တွန်း


ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ ရက်စက်မှုတွေအဆုံးသတ်စေဖို့နဲ့ လူမှုအသိုင်း အဝိုင်းအားလုံးရဲ့ အခြေ အနေတိုးတက်စေဖို့ မြန်မာအစိုးရအနေနဲ့ စိတ်ရင်းအမှန်နဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအထူးသံတမန် Angelina Jolie ကတိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ခုလိုအခြေအနေရောက်ရတာက ကြိုတင် ကာကွယ်နိုင်ရက်နဲ့ မကာကွယ်နိုင် ခဲ့ တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့
တဲ့ Angelina Jolie ကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလား နယ်စပ် တိမ်းရှောင်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်
က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရ ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေး ပို့ထားပါတယ်။

Tuesday, February 5, 2019

စစ်ပြေးဒုက္ခသည်တစ်ရာကျော်ကို AA တပ်ဖွဲ့ ကူညီထားတယ်လို့ဆို

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဒီရက်ပိုင်းတွေမှာ တိုက် ပွဲပြင်းထန်နေပြီး၊ တောထဲမှာပုန်းရှောင်နေတဲ့ ရွာသား ၁၂၄ ယောက်ကို AA အဖွဲ့က ဘေးလွတ်ရာမှာ ကူ ညီထားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က RFA ကို မနေ့ညက ပြောပါတယ်။ ခမောင်း ဝရွာက ၇၆ ယောက် နဲ့ ကင်းတလင်းရွာ က ၄၈ ယောက်ကို တနင်္လာနေ့မှာ ကယ်ထုတ်လာတာလို့ ဆို ပါတယ်။

ရိုဟင်ဂျာတွေနိုင်ငံမဲ့မဖြစ်ဖို့ အခွင့်အရေးရှိကြောင်း Angelina Jolie ပြော

၂ဝ၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ UNHCR အထူးသံတမန် Angelina Jolie သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ 

 ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံမဲ့ဘဝ မရောက်ဖို့ အခွင့်အရေးအပြည့်အဝ ရှိကြောင်းနဲ့၊ သူတို့ကို နိုင်ငံမဲ့ ဒုက္ခသည်တွေအဖြစ် သဘောထားဆက်ဆံနေတာဟာ မိမိတို့အားလုံး ရှက်စရာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး  Angelina  Jolie က ပြောလိုက်ပါတယ်။

Saturday, January 26, 2019

ရသေ့တောင်မြို့နယ် သမီးလှနှင့် အိုးဖောက် ကျေးရွာ အကြား တိုက်ပွဲဖြစ်ပွား

26 January 2019
နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် အိုးဖောက်ကျေးရွာနှင့် သမီးလှ ကျေးရွာအကြား ယနေ့ နံနက် ၉ နာရီမှ စတင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

Friday, January 25, 2019

အထောက်အပံ့ ဖြတ်တောက်မှု ရခိုင်ဒေသခံတချို့ ထိခိုက်

ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ်‌‌ဘေး‌ရှောင်‌ စခန်း။ (ဇန်န၀ါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း ကယ်ဆယ်ကူညီရေး လုပ်ဆောင်နေမှုတွေကို ရခိုင်ပြည်နယ်အစိုးရက ဒီလထဲမှာပဲ တားမြစ်လိုက်တဲ့အတွက် ဒေသခံ အနည်းဆုံး ၅ သောင်းလောက်အပေါ် သက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး UNOCHA ရဲ့ မှတ်ချက်ရေး ပြောကြား ချက်ကို ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

Thursday, January 24, 2019

နယ်ခြားစောင့် ရဲကင်းစခန်းတွေကို AA တိုက်ခိုက် မှု တရုတ် ဝေဖန်ရှုတ်ချ

နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မစ္စတာ ဆွန်ကော်ရှန်းတို့ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

AA ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ သိရ ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း တို့ တွေ့ဆုံစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့တာလို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန် ထားပါတယ်။

Tuesday, January 22, 2019

မစ္စယန်ဟီးလီ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် 

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ရသေ့တောင်တွင် ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရ

ရန်နိုင် Rohingya Today

 
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများသည် လွတ်လပ် စွာ သွားလာခွင့် မရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းမရှိဘဲ ရွာထဲတွင် ပိတ်လှောင်ခံထားရကာ စား ဝတ် နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

Monday, January 21, 2019

ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည် တွေ တွေ့ဆုံ

                                            ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ ( ဓါတ်ပုံ- Zero Line က ဦး ဒီလ်မူဟာမက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီ လီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ယမ်ဟီးလီ တို့ နာရီဝက်လောက် တွေ့ဆုံစကားပြောခဲ့ပြီး သူတို့လက်ရှိကြုံနေရတဲ့အခက်အခဲတွေ၊ ရခိုင်မှာကြုံခဲ့ရတဲ့ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ယန်ဟီးလီက ကုလသမဂ္ဂကို အလေးအနက်ထား အစီရင်ခံ တင် ပြ ပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ နယ်နမိတ်မျဉ်းကြား ခိုလှုံနေသူ ရိုဟင်ဂျာ တွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ဗွီအိုအေမြန်မာပိုင်း မဆုမွန်က ဆက်သွယ်စုံစမ်းစဉ် သူက အခုလိုစဖြေပါတယ်။

Friday, January 18, 2019

ရခိုင်အခြေအနေ မတည်ငြိမ်လို့  အာဆီယံ အကူ အညီ ယာယီဆိုင်းငံ့

ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် (ဝဲ-ဒုတိယ) 

ရခိုင်ပြည်နယ်အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က ကူညီဖို့ ကြိုးပမ်း နေပေမယ့် လတ် တလော အခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုင်းနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအရ အားလုံးကို ဆိုင်းငံ့ထားရကြောင်းနဲ့ အခြေ အနေတွေအားလုံး ရှင်းရှင်းလင်း လင်း ဖြစ်တဲ့အချိန်ရောက်ရင်တော့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှု တွေကို အထင်အရှားတွေ့ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အသင်းဝင် ၁၀ နိုင်ငံ က နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၂ ရက်ကြာ အစည်းအဝေး အဆုံးသတ်ချိန်မှာ ကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက် ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

Thursday, January 17, 2019

မြန်မာဌာန | သတင်းများ ရခိုင်က စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးခွင့်ပြုဖို့ MSF အဖွဲ့ တောင်းဆို

                             မောင်တောမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မောင်တောအရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီက ကူညီပေးနေစဉ်
 
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တာတွေ အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့  အရေးပေါ် အကူအညီလိုအပ်တဲ့သူတွေကို ကူညီနိုင်ရေး ခွင့်ပြုဖို့ အစိုးရထံ ခွင့်တောင်း ထားကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဒီနေ့ထုတ်ပြန်လိုက် ပါ တယ်။ ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့  AA ရခိုင်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိ ပက္ခတွေကြောင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေကြောင့် အရေး ပေါ် အကူအညီလိုအပ်နေ သူတွေကို ကူညီဖို့ MSF အဖွဲ့တွေအနေနဲ့ စစ်တွေနဲ့ မောင်တောမှာ အဆင်သင့်ရှိ နေကြောင်း ပါရှိပါတယ်။

ရခိုင်အရေး ကောလာဟလသတင်းတွေကို မယုံ ကြည်ကြဖို့ ALD ပါတီတိုက်တွန်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy အမှတ်အသား

ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို မယုံကြည်ဘဲ သတင်းတွေ မှန်ကန်မှုရှိလားဆိုတာကို စိစစ်ပြီးမှ ယုံကြည်ကြဖို့နဲ့ သတင်းမီဒီယာတွေကလည်း စိုးရိမ်မှု လွန်ကဲနိုင်တဲ့ ဖော်ပြချက်မျိုး မဖြစ်ရအောင် သတိထားဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်သတင်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားတွေပါ ပျံ့နှံ့နေတာကြောင့် သတင်းတွေကို ပြန်လည်စိ စစ်နိုင်ဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ ရန်ကုန်မြို့ လှိုင်မြို့နယ်က ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်ရုံးမှာ ဆွေးနွေးပွဲအပြီးမှာ ALD ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က RFA ကို ပြောတာပါ။

Tuesday, January 15, 2019

ရခိုင်စစ်ရှောင် ကူခွင့်ပေးရေး ရခိုင် လွှတ်တော် ကိုယ်စား လှယ် တိုက်တွန်း

                                                                 ရခိုင်စစ်ရှောင်များ (ဓါတ်ပုံ-Rakhine Ethnics Congress)

စစ်ရေးတင်းမာမှုတွေရှိနေဆဲ ရခိုင်ပြည်နယ်ထဲက ထောင်ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူညီတွေ အရောက်ပေးနိုင်ဖို့ ကုလအပါအဝင် နိုင်ငံတကာကြက် ခြေနီအဖွဲ့နဲ့ပြည်တွင်းက ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို မပိတ်ပင်ပဲ သွားခွင့်ပေးစေလိုပါတယ်လို့ ရခိုင် လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ လတ်တလောမှာတော့ ဒုက္ခသည်အရေအတွက်က ခြောက်ထောင်အထိ ပိုတိုးလာနေပြီး အရေးပေါ် သောက်သုံးရေ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲ တွေ ကြုံနေရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Monday, January 14, 2019

AA တိုက်ခိုက်မှုပြသနာ ဘယ်လို အဖြေရှာမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန),
, ဦးစည်သူအောင်မြင့်
 ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk

အခုရက်ပိုင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းကတော့ မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည်နေ့မှာ AA ရခိုင်တပ်ဖွဲ့ကနေ ရခိုင်ပြည်နယ်က ရဲကင်းစခန်း ၄ ခုကို တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်တာ၊ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော် ထိပ်သီးအစည်းအဝေးလုပ်၊ အဲဒီ အစည်းအဝေးအကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ လုပ်တာ စတဲ့ သတင်းတွေပါပဲ။

Saturday, January 12, 2019

ရခိုင်စစ်ဘေးရှောင်တွေ အရေးပေါ်အကူ အညီ လိုအပ်နေ

ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ်‌‌ဘေး‌ရှောင်‌ စခန်း။ (ဇန်န၀ါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်ထဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရင် ဆိုင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးလာနေကြတဲ့ ရခိုင်ဒေသခံတွေအတွက် လိုအပ်တဲ့ကျန်း မာရေး စောင့်ရှောက်မှုတွေ အရေးပေါ်ကူညီပေးနေတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါ တယ်။ ဒါပေမဲ့လို့ ထောင်ချီတဲ့ဒုက္ခသည်တွေအတွက်သောက်သုံးရေအရေးပေါ်လိုအပ်နေပြီး ရာသီဥတုဆိုး ဝါးတဲ့ ဒဏ်ကြောင့် နေထိုင်ရေး၊ အခြေခံလိုအပ်ချက် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကူ ညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

Friday, January 11, 2019

စစ်ရေးနည်းနဲ့ ဖိအားပေးတဲ့ နည်းလမ်းဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ALD ပါတီ ပြော


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ကြေညာချက်ကို တွေ့ရစဉ်

စစ်ရေးနဲ့ဖိအားပေးတဲ့နည်းလမ်းဟာ ရခိုင်ပြည်နယ်သာမက တစ်ပြည်လုံးငြိမ်းချမ်းရေးအတွက် အဖြေမ ဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက ပြောခွင့်ရသူ ဦးဦးလှမြင့်က ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာနဲ့ ပတ်သက်ပြီး ALD ပါတီက လက်မခံနိုင်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ မနေ့က သ ဘောထားထုတ်ပြန်ခဲ့ တာကို RFA က မေးမြန်းရာမှာ ဦးဦးလှမြင့်က ပြောကြားလိုက်တာပါ။

Thursday, January 10, 2019

ရခိုင်စစ်ပြေးဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်

အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် ညနေစာစားနေသည့် ကလေးငယ်တစု

ဇန်န၀ါရီလ ၁၀ရက်၊ ၂၀၁၉ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ မငြိမ်းနိုင်သေးတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်စွန့် ထွက်ပြေးသူ စစ်ရှောင်အရေအတွက်လည်း တနေ့တခြား ပိုတိုး လာနေပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေတဝိုက် ကျေးရွာတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေနားက စစ်ရှောင်စခန်း တွေမှာ ခိုလှုံနေကြရပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက် ပြီး အဲဒီစခန်းတွေထဲက နှစ်ခုကို မကြာခင်ရက်ပိုင်းအတွင်းက ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုကျော်ကျော် သိန်း က သတင်းပေးပို့ထားပါတယ်။

Wednesday, January 9, 2019

ရခိုင်ပြည်နယ်အခြေအနေ အထူးစိုးရိမ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော


မန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦးနှင့်အဖွဲ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ မထွက်ခွာခင် စစ်တွေလေဆိပ်တွင် ၂ဝ၁၉ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။  (Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် ဒီဇင် ဘာ လဆန်းပိုင်းကတည်းက ဒေသခံအရပ်သား ၄,၅ဝဝ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အပေါ် အထူးစိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */