Showing posts with label MEHL. Show all posts
Showing posts with label MEHL. Show all posts

Tuesday, August 6, 2019

တပ်မတော်အပါအဝင် ကုမ္ပဏီတချို့ကို အရေးယူပိတ် ဆို့ဖို့ UN အချက်အလက်ရှာဖွေရေးမစ်ရှင် ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-05
 မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း (Marzuki Darusman) ကို ၂၀၁၉၊ သြဂုတ် ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်  Photo: ASSOCIATED PRESS                                       
မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ဒီနေ့ အစီရင် ခံစာထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Monday, August 5, 2019

KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကိုရာဇဝတ် ကြောင်းအရ စုံစမ်းအရေးယူရန်ကုလစုံစမ်းရေးအဖွဲ့တိုက် တွန်း

Myanmar Now
Published on Aug 5, 2019

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုလုံးကို ရာဇဝတ် ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာ ဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအုပ်စု (MaxMyanmar) တို့မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများဖြစ်သည်။

မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီများသည် တပ်မတော်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ် မှု များကို ကူညီထောက်ပံ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကုမ္ပဏီနှစ်ခုလုံးသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရန် ငွေကြေးထောက်ပံ့ခဲ့ကြပြီး၊ ထိုသို့ပြု လုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာများ ၎င်းတို့နေရပ်ကို ပြန်လာရမည့် အခြေအနေအား အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */