Showing posts with label ဘီဘီစီ မြန်မာ. Show all posts
Showing posts with label ဘီဘီစီ မြန်မာ. Show all posts

Saturday, December 21, 2019

မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့်အဆင့် ၁၃၈ ရှိ

B B C
ဘီဘီစီ မြန်မာပိုင်း
21 ဒီဇင်္ဘာလ 2019
                                              မီဒီယာလွတ်လပ်ခွင့်ပေးဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ဆန္ဒထုတ်ဖော်တာတွေရှိ 

ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့နေရာမှာအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ မီဒီယာ လွတ် လပ်ခွင့်ဟာ ဒီ ၂၀၁၉ ခုနှစ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။

နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့စာရင်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက ၁၃၈ ဖြစ်ပြီး ၂၀၁၈ ကထက် အဆင့် ခြောက်ဆင့် ထပ်ကျသွားတာပါ။ မီဒီယာ လွတ်လပ်ခွင့်ဟာ ၂၀၁၃ ကနေ ၂၀၁၇ အထိ အဆင့် ၂၀ အထိ အဆင့်ဆင့်တိုးတက်လာတာကနေ ၂၀၁၈ မှာစကျဆင်းလာတာပါ။

သတင်းမီဒီယာတွေကို အာဏာပိုင်တွေက တရားစွဲဆိုဖမ်းဆီးမှုတွေရှိနေသလို အစိုးရရဲ့ ဦးစား ပေးအစီအ စဉ်တွေထဲမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထည့်မထားဘူးလို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါ တယ်။


လင့်၊https://www.bbc.com/burmese/50876553

Wednesday, December 18, 2019

အိုင်စီဂျေ ကြားနာပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမယ့်

B B C 
ဘီဘီစီ မြန်မာပိုင်း
18 ဒီဇင်္ဘာ2019
အိုင်စီဂျေအမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား


မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ မြန်မာ နိုင်ငံဘက်ကနေ ဦးဆောင် လျှောက်ထားချက်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကြားနာမှုဆိုင်ရာ အတွေ့အကြုံနဲ့ ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတို့မှာ လူထုကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းပြောဖို့ ရှိ တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

Tuesday, December 17, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ကို သွားမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
17 ဒီဇင်္ဘာ2019
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ


မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကို ဒီတစ်ပတ်ထဲ သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

Sunday, December 15, 2019

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မယ်လို့ ရုရှား သံအမတ် ကြီး ပြော။ - BBC News မြန်မာ

B B C
ဘီဘီစီ မြန်မာပိုင်း
Dec 11, 2019

 မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် ဒေါက်တာ နစ်ကိုလေး လစ်တိုဗာဒေါ့ဗ်နဲ့ ဘီဘီစီ သီးသန့် မေးမြန်း ခန်း ထဲက အိုင်စီဂျေ အကြောင်း ဖြေကြားထားချက် ကို ကောက်နှုတ် တင်ပြထားတာကို ရုပ်သံမှာ ကြည့်ရှု နိုင် ပါပြီ။

မေးမြန်း - စောရန်နိုင်၊ ရိုက်ကူး/တည်းဖြတ် - စံကျော်ထွန်း၊ ဝင်းကျော်သူ / ဘီဘီစီမြန်မာပိုင်း။


လင့်၊https://www.youtube.com/watch?v=o95IXk4qbx4

Wednesday, November 13, 2019

ICJ မှာ မြန်မာအမှုဖွင့်ခံရမှု သိသင့်တဲ့ အချက် ၅ ချက်

ဘီဘီစီမြန်မာပိုင်း
13 November 2019
-


နယ်သာလန်နိုင်ငံ သဟေ့ဂ် the Hague မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံးမှာ အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက မြန်မာကို အမှုဖွင့် လိုက်ပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တဲ့ အတွက် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

ဒီတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ ....

Sunday, June 23, 2019

ရိုဟင်ဂျာပြဿနာနဲ့ အာဆီယံမှာလည်နေတဲ့ မြန်မာ

B B C
ဘီဘီစီ မြန်မာပိုင်း
22 ဇွန် 2019
 ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လျက်ရှိပါတယ်။

ဇွန်လ ၂၂ ရက်မှာ စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Saturday, April 6, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်သင်တန်းဆင်းပွဲ မတက်

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ဧပြီလ ၆ ရက်
 

                      တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သင်တန်းဆင်းပွဲ မတက်

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း၊ အမှတ်စဉ် ၁၂၂၊ သူရတပ်ခွဲ့သင် တန်းဆင်းပွဲကို ဧပြီလ ၅ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် မတက်ရောက်ဘဲ သူ့ကိုယ်စား ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကသာ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

Wednesday, February 20, 2019

ရိုက်တာသတင်းထောက်နှစ်ယောက် George Polk Awards ဆုချီးမြင့်ခံရ

ဘီဘီစီမြန်မာပိုင်း
၂၀ ဖေဖေါ်ဝါရီလ ၂၀ ရက်


                                                                  ဓာတ်ပုံ မူပိုင်REUTERS ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

နိုင်ငံတော် လျို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို အမေရိကန်အခြေစိုက် Long Island တက္ကသိုလ်က ဆုချီးမြှင့် လိုက် ပါတယ်။

Sunday, February 17, 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မြန်မာ တပ်မတော်နဲ့ ရခိုင် တပ်မတော် အေအေတို့အကြား တိုက်ပွဲ ဖြစ်ပွား


ဘီဘီစီ မြန်မာပိုင်း
 နေ့စွဲ့၊၁၇-ဖေဖေါ်ဝါရီလ ၂၀၁၉


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မြန်မာတပ်မတော်နဲ့ ရခိုင် တပ်မတော် အေအေတို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ သလို ပုဏ္ဍားကျွန်းမြို့နယ် အတွင်း ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာလည်း မိုင်းခွဲ တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

Tuesday, January 16, 2018

ရခိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့သူတွေကို လာမယ့် ၂၃ ရက်နေ့ကစ လက်ခံမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
16 January 2018

 
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီ လ ၂၃ ရက်နေ့က စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံဟာ ဒီကနေ့မှာ သဘောတူ လက်မှတ်ရေး ထိုး လိုက်ပါတယ်။

၂ ဖက် သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရဖက်ကနေ နေရပ်ပြန်လိုတယ်ဆိုပြီး တင်ထားတဲ့ လျှောက်လွှာတွေထဲက တပတ်ကို လျှောက်လွှာ ၁၅၀၀၀ ပေးပို့မှာ ဖြစ်ပါတယ်။

Friday, July 11, 2014

( ၁၁-၀၇-၂၀၁၄ ) မြန်မာ့အရေး-ကမ္ဘာ့အရေး ( ဘီဘီစီ မြန်မာပိုင်း )

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို အစိုးရ အနေနဲ့ ဘယ်ဖေါ်ထုတ်ဖြေရှင်းမလဲ ဆိုတာကို ဦးမောင်မောင်သန်း ကဆွေးနွေးတင်ပြထားပါတယ်။


Thursday, November 8, 2012

ရခိုင်က ဒုက္ခသည်တွေ နေရင်းပြန်ဖို့ မဖြစ်နိုင်သေး

B B C

ဘီဘီစီ မြန်မာပိုင်း
08-11-2012
ဒုက္ခသည်တွေ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒုက္ခရောက်နေ ကြရ။

ရခိုင် ဒေသက ပဋိပက္ခတွေ အတွင်း အိုး အိမ် စွန့်ခွာ ဒုက္ခရောက် ခဲ့ရ သူတွေ ဟာ နေရပ် ကို ပြန်ဖို့ အတွက် မဖြစ် နိုင် သေး ကြောင်း အဲဒီ ဒေသကို ကိုယ် တိုင် သွား ကြည့်ခဲ့တဲ့ ဘီဘီ သ တင်း ထောက်က ပြောပါ တယ်။

ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် နှစ်ဘက် စလုံးမှာ အာဃာတ ကြီးကြီး မားမား ရှိနေကြ သေးတဲ့ အတွက် လောလောဆယ် နေရပ် ပြန်ဖို့ မလွယ် သေးတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ကိုတင် အောင်ကျော်က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */