" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Saturday, December 2, 2023

ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့စားသုံးဆီ(၁)ပိဿာ လျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး

INFORMATION AND PUBLIC RELATION DEPARTMENT
Sat, 12/02/2023 

ဘူးသီးတောင် ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူ များသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ် ထားရှိကာပြည်သူများသို့ စားသုံးဆီများ လက်လီ ရောင်းချပေးခဲ့ကြသည်။

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီ
2 December 2023

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တ ကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကိုစစ်ကောင်စီ က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

Saturday, November 25, 2023

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပေါက်တောမြို့ ထပ်မံ မီးလောင်

Myanmar Now
ရောင်နီ
November 25, 2023

သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ယနေ့ (နိုဝင် ဘာ ၂၅)၊ မွန်းလွဲ ၁၂ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ မြို့တွင်းရပ်ကွက်များ မီးလောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

Tuesday, November 21, 2023

စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပေါက်တောမြို့နယ် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်နေ (ရုပ်သံ)

Western News
နိုဝင်ဘာ ၂၁ ၂၀၁၃


ရခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်ကို ရမ်းသမ်း ပစ်ခတ်နေ၍ ပေါက်တောမြို့နယ် ကျေးရွာများသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိ ကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိသတင်းရေးနေသည့်အချိန်အထိ စစ်တွေမြို့က ပစ်ခတ်သည့် လက်နက်ကြီး၂၅လုံးထက်မနည်း ရှိပြီးဖြစ်ကြောင်း စစ်တွေမြို့ဒေသခံများ က ပြောသည်။

Western News-WN
 
Link : Here

ရခိုင်ရှိ တကျော့ပြန် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိက ပစ်မှတ်ထား စစ်ဆေးဖမ်းဆီး

Narinjara News
ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်တွင် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ ည ဘက်ဝင်ရောက်စစ်ဆေးမှုများကို အောက်တိုဘာလကတည်းက တင်းတင်းကျပ်ကျပ်လုပ်ဆောင် ခဲ့ ပြီး တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် အမျိုးသားရေးလှုပ်ရှားသူများ၊ လူမှုရေးလှုပ်ရှား သူ များ၏ နေ အိမ်များကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

Monday, November 20, 2023

ပေါက်တောမြို့တွင် လူပေါင်း ၁၀၀ ကျော်ကို စစ်ကောင်စီက နေရာသုံးခုတွင်ထိန်းသိမ်းထား

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃

(မြန်မာစစ်တပ်က လူသားဒိုင်ကာအဖြစ် အသုံးပြုထားပုံရဟုဆို)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် စစ်တပ်က လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး နေရာသုံးခု တွင် ပိတ်လှောင်ထားကာ လူသား ဒိုင်းကာအဖြစ် အသုံးပြုထားပုံရသည်ဟု ဒေသခံများက ပြောဆို သည်။

Sunday, November 19, 2023

စစ်ကောင်စီဘက်က အဆိပ်ငွေ့ပါတဲ့ ဓါတုဗုံး အသုံးပြုတိုက် ခိုက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃ 

This photo taken on November 9, 2023 shows a fighter of the ethnic armed group Ta'ang National Liberation Army (TNLA) standing guard in the town of Namhkam in northern Shan state.
 
 မြန်မာနိုင်ငံတဝန်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ် ကောင်စီတပ်တွေနဲ့ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တအာင်း TNLA တပ်တွေက နမ့်ခမ်းမြို့ နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ နမ့်ခမ်းမြို့နယ်ထဲက သာယာ ကုန်းကျေးရွာကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့သလို၊ မူဆယ်မြို့နယ်ထဲက မန် ဟဲကျေးရွာကိုလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်တွေထိမှန်ပြီး အမျိုးသားတဦး ဦး ခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

ရခိုင်ကတက္ကသိုလ်ကျောင်းသားတွေ နေရပ်ပြန်ဖို့အထောက် အထားမျိုးစုံပေးနေရ

RFA
RFA Burmese
2023.11.19

နေရပ်ပြန်ရန် ကားလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်ရရန်နှင့် လျှောက်လွှာတင်ရန် စောင့်နေကြသည့် စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်။Citizen Journalist

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စားမေးပွဲ အပြီး နေရပ်ပြန်ဖို့ ခရီးသွားလက်မှတ်ကို ခက်ခက်ခဲခဲ ဝယ်နေကြရတယ်လို့ အဲဒီကျောင်းသားတွေက RFA ကို ပြောပါတယ်။

Saturday, November 18, 2023

ရခိုင်နဲ့ ပလက်ဝမှာ ဒုက္ခသည် နှစ်သောင်းခွဲကျော် တိုးလာ ကြောင်း ကုလထုတ်ပြန်

RFA
RFA Burmese
2023.11.18

ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Narinjara

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေ ဆုံး

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကိုနိုဝင်ဘာ၁၆ရက်မနက်အစောပိုင်းမှာရက္ခိုင့် တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့် တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ တယ်။

Friday, November 17, 2023

ရခိုင်တွင် တပ်အင်အားမလုံလောက်၍ စခန်းငယ်များကို ရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွား ရောက်ပူးပေါင်း

Narinjara
ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃

( အမ်းမြို့နယ်မှ စစ်ကောင်စီအထိုင်စခန်းနှစ်ခု ထပ်မံစွန့်ခွာ)

ရခိုင်ပြည်နယ် စစ်တပ်အင်အား မလုံလောက်၍ အထိုင်ချထားသည့် စခန်းငယ်များကို ရုပ်သိမ်းကာ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရရှိသည်။

Thursday, November 16, 2023

စစ်ကောင်စီ စခန်းတချို့ ထပ်မံသိမ်းပိုက်နိုင်ကြောင်း AA ကြေညာ

VOA
စံကျော်
၁၆ နိုဝင်ဘာ၊ ၂၀၂၃ 

AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲ ပြင်းထန် နေတာ ဒီကနေ့ဆိုရင် ၄ရက်အထိရှိလာပြီဖြစ်ပါတယ်။ ဒီ၄ရက်အတွင်း စစ်ကောင်စီတပ်စခန်း တော် တော်များများကို AA အဖွဲ့ဘက်က သိမ်းထားနိုင်သလို မနေ့က ညနေပိုင်းကလည်း ပေါက် တောမြို့ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းလိုက်တာပါ။ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီက ပေါက် တောမြို့ကို လေကြောင်းရော ရေကြောင်းပါ ပူးပေါင်းဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေး နေ ကြရတယ်လို့ ပေါက်တောမြို့ခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင် ပြပေးပါမယ်။

Wednesday, November 15, 2023

ရခိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံစခန်း ၄၀ ခန့် စခန်းစွန့်ခွာ

BNI
November 15, 2023

လက်နက်များနှင့်အတူ အညံ့ခံခဲ့ကြသော ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂) ဦး။ ဓာတ်ပုံ - AA Info Desk

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပထမနေ့တစ်ရက်တည်းတွင် စစ်ကောင်စီလက် အောက်ခံများမှာ နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းသွားကြောင်း ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန် သည်။

Tuesday, November 14, 2023

ရခိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံစခန်း ၄၀ ခန့် စခန်းစွန့်ခွာ

DMG သတင်း
14 Nov 2023 

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက နီးစပ်ရာ AA စခန်းများသို့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံကြရန် AA က အသိပေးထားသည်။ 

လက်နက်များနှင့်အတူ အညံ့ခံခဲ့ကြသော ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂) ဦး။ ဓာတ်ပုံ - AA Info Desk

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပထမနေ့တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံများမှာ နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီတပ်များသို့ သွား ရောက်ပူးပေါင်းသွားကြောင်း ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။

Monday, November 13, 2023

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိ ထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်း တချို့ ကို သိမ်းပိုက် ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ ထုတ်ဖော်ပြောဆိုသည်။

ရခိုင်မှာ တိုက်ပွဲပြန်စပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်း ကို စစ်ကောင်စီ ပိတ်

RFA
RFA Burmese
2023.11.13 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီကနေ့မနက်ပိုင်း တိုက်ပွဲစဖြစ်ပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းမ စစ်တွေမြို့၀င်ဂိတ်နဲ့ ကျောက်တန်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

"ရခိုင်မှာ အေအေ တိုက်ပွဲ‌ဖော်" ၊ စစ်တပ်နယ်ခြားစောင့် စခန်း တချို့ကို အေအေ ဝင်တိုက်ခိုက်

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာတွေမှာ စစ်ကောင်စီ နယ်ခြား စောင့်စခန်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီကနေ့မနက်အစောပိုင်း ၄ နာရီခန့်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ‌ရသေ့တောင်ဒေသခံအချို့ကအတည်ပြုပါတယ်။

ရခိုင်မှာတိုက်ပွဲတွေစဖြစ်ပြီးနောက် စစ်တပ်က လမ်းတွေ ပိတ်ဆို့လာ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြားတိုက်ပွဲတွေစတင်ခဲ့ကြ တဲ့ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းမကြီးရဲ့ စစ်တွေမြို့ နယ် အတွင်းက လမ်းပိုင်းကို စစ်ကောင်စီဘက်ကပိတ်ထားလိုက်ပြီဖြစ်တယ်လို့မြို့ခံတချို့ကပြောပါတယ်။

Tuesday, October 31, 2023

ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်နေချိန် ရိုဟင်ဂျာတွေနေရပ် ပြန်ရေး စစ်ကောင်စီကြိုးပမ်း

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.10.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် မိုးရာသီအတွင်း မြေပြိုမည့်အန္တရာယ်မှ ကာကွယ်ရန် လမ်းများကို ပြုပြင်နေကြသည့် ရိုဟင်ဂျာများအား ၂ဝ၁၉ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ Reuters

ရက္ခိုင့်တပ်တော် AA ပါဝင်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ရပ်နေတဲ့ ရခိုင် မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရခိုင်လူထုကြား ရှိနေပါတယ်။

ဒီလိုအချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့မှာ သွားရောက်ပြီး ဒုက္ခသည် တွေ ကို သွားရောက်တွေ့ဆုံဆွေးနွေးနေပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်နေချိန် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စစ်ကောင်စီကြိုးပမ်း

RFA
ဝေမာထွန်း (ဝါရှင်တန် ဒီစီ)
2023.10.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များအား ၂ဝ၁၈ ခုနှစ် သြဂုတ်လ

ရက္ခိုင့်တပ်တော် (AA) ပါဝင်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ရပ်နေတဲ့ ရခိုင်မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရခိုင် လူထုကြား ရှိနေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */