Showing posts with label KA. Show all posts
Showing posts with label KA. Show all posts

Friday, February 16, 2024

ရက္ခိုင်တပ်တော်၏ သမိုင်းဝင် အောင်ပွဲများနှင့် ရခိုင်စစ်မျက်နှာ၏ ထူးခြားချက်များ

Myanmar Now
သုတဇော်
February 16, 2024


AA သည် ယခုအခါ ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့သော ရှေးဟောင်းမြောက်ဦးမြို့အပါ အဝင် ရခိုင်ပြည်နယ်ရှိ မြို့ ငါးမြို့နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဖြတ်၍ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းသွားသည့် ကုလားတန်မြစ်ဝပေါ်ရှိ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီး ပင်လယ်ကမ်းရိုးတမ်းဒေသအချို့ကို ထိန်းချုပ်လိုက်နိုင်သော တစ်ခုတည်းသော တိုင်းရင်းသားအင်အားစု ဖြစ်လာခဲ့ပြီဖြစ်သည်။


မြန်မာ-အိန္ဒိယ ကုလားတန်ဘက်စုံစီမံကိန်းကြီး၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမည့် ကုလားတန်မြစ်အတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲက စစ်ကောင်စီ ရေတပ်သမိုင်းတွင် သမိုင်းဝင် စစ်ရှုံးနိမ့်မှုကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့လေသည်။

Saturday, November 11, 2023

(၁၁၁၁) စစ်ဆင်ရေးကြေညာပြီး စစ်တပ်စခန်း ခုနစ်ခုကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.11.11

ကယားပြည်နယ် ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည့်ပုံ။ KNDF

ကယားပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့မြို့ပြပျောက် ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပူးပေါင်းပြီး (၁၁၁၁) စစ်ဆင်ရေး ကို နိုဝင်ဘာ ၁၁ ရက်နေ့မနက် ၅ နာရီမှာ စတင်လိုက်တာ ဖြစ်ပါတယ်။