ကျောက်နီမော်ဒေသအကြောင်းနဲ့ရခိုင်မွတ်ဆလင်မ်တွေရဲ့သမိုင်းတွေသိချင်ရင် ဦးလှဝင်း ( မင်းညိုငယ် - သံတွဲ) ရေးတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးသို့ ပေးစာကို ဖတ်ပါ။ဒီပေးစာက ၂၀၁၂ ခုနှစ်က ပေးစာပါ။မည်သူမဆို ထပ်ဆင့် သိလိုတာရှိရင် comment မှာ မေးနိုင်ပါတယ်။ကျုပ်တို့ ကျောက်နီမော်ဒေသခံတွေ ဖြေကြားပေးမှာပါ။ပေးစာထဲ မှာပါတဲ့ ကျောက်ထရံရွာက ဗလီချေ ပုံကို ဖော်ပြလိုက်ပါတယ်။
( Facebook မှကူးယူသည် )
သို့
တူတော်မောင်ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၄)ရက်။
ဦးအနေနဲ့ ဒီစာကို ရေးရကောင်းနိုး၊ မရေးရကောင်းနိုး ချီတုံချတုံ စဉ်းစားခဲ့ပြီးမှ လူအုပ်စုတစ်စု၊ ရွာတစ်ရွာကို ရပ် တည်ရာမဲ့အောင် သေဒဏ်ပေးသလို အခြေအနေမျိုး ဆိုက်သွား နိုင်တာမို့ ၀င်ရှင်းမပြရင် တာ၀န်မကျေ သလို ခံ စားရလို့ ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။