ဗွီအိုအေ (မြန်မာဌာန)
07 မတ်၊ 2019
07 မတ်၊ 2019
အမေရိကန် နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုကို မြန် မာနိုင်ငံ တိုင်းရင်းသူ နော်ကညောဖောနဲ့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသူ Razia Sultana တို့က နိုင်ငံတကာ အမျိုးသမီး ကျန် ၈ ဦးနဲ့ အတူ လက်ခံရရှိကြမှာ ဖြစ်ပါတယ်။
နော်ကညောဖောဟာ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ကရင်အမျိုးသမီးအဖွဲ့ KWO ရဲ့အထွေ ထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာအစော် ကားခံရတာ ခွဲခြားဆက်ဆံခံရတာတွေကို ကိုယ်ကျိုးမငဲ့ဘဲ မှတ်တမ်းပြုစုရာမှာ တက်တက်ကြွကြွ လုပ် ဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။