Showing posts with label ဒီလ် မိုဟာမတ်. Show all posts
Showing posts with label ဒီလ် မိုဟာမတ်. Show all posts

Wednesday, January 1, 2025

ဒီလ် မိုဟာမတ် (Dil Mohammed) ပျောက်ဆုံးခြင်း သို့ မူဆလင်များအတွက် အသံတစ်ခု တိတ်ဆိတ်သွားခြင်း

Arakan Bay News
Shafiur Rahman
ဘာသာပြန် – ကျော်ဇံ

(The Diplomat သတင်းဌာနတွင် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က The Disappearance of Dil Mohammed: A Voice for the Rohingya Silenced ဆောင်းပါးအား Arakan Bay News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ထင်ရှားသည့် မူဆလင်အရေး ကာကွယ်သူ ဒီလ်မိုဟာမတ်တစ်ယောက် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူအကြောင်းမကြားရတော့ပေ။

သံစူးခြံစည်းရုံးကာထားသည့် No Man’s Land တွင် Dil Mohammed ကိုတွေ့ရစဥ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ပဋိပက္ခများဖြင့် မတည်ငြိမ်သည့် နယ်စပ်ဒေသ၌ ဗရုတ်သုက္ခများကြားမှ အလွန်ပင် တည်ကြည်သည့် မူဆလင်အရေး ကာကွယ်မြှင့်တင်သူတစ်ဦး ပေါ်ပေါက်ခဲ့သည်။ မူဆလင်ဒုက္ခသည်တစ်ဦးဖြစ်သူ ဒီလ် မိုဟာမတ်သည် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင် ဒုက္ခသည်စခန်း၏ အများသဘောတူ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီး သူတို့မူဆလင်လူမျိုးတို့၏ အရေးကို မြှင့်တင်ကာကွယ်ရန် အလွန်ရှုပ်ထွေးလှသည့် စစ်ရေး၊နိုင်ငံရေး သပွတ်အူကို လေ့လာစုံစမ်းခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သူနေထိုင်သည့် စခန်းတစ်ခုလုံး ပြာကျသွားအောင်ထိ တိုက်ခိုက်၊ မီးရှို့ခံခဲ့ရပြီး အချိန်ကာလတာရှည်စွာ လွှမ်းမိုးလာခဲ့သည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) ထံတွင် အဖမ်းခံခဲ့ရကာ သူ့သတင်းအစအနများမှာလည်း ထိုအချိန်ကတည်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */