" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ဆေးရေးဂိတ်. Show all posts
Showing posts with label စစ်ဆေးရေးဂိတ်. Show all posts

Tuesday, February 27, 2024

ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ

DVB
January 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Monday, November 27, 2023

မောင်တောရှိ စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းငယ်များကို စစ်ကောင်စီ ရုပ်သိမ်း

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေနဲ့ တပ်စခန်းငယ်တွေကို အများဆုံး ရုပ်သိမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်အထိ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့် စစ်ဆေးဂိတ်တွေနဲ့ တပ်စခန်းငယ် ၄၀ ကျော်ကို စစ်ကောင်စီက ရုပ်သိမ်းထားပြီး အဲ့ဒီအထဲမှာ မောင်တောမြောက်ပိုင်းက ၃၀ လောက် ပါဝင်တယ်လို့ အေအေ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

Tuesday, June 20, 2023

ကျိုက်ထိုစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာခြောက်ဦး ဖမ်းဆီး ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.06.20

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ခြောက်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ People Media
 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခန့်ကရိုဟင်ဂျာ ခြောက်ဦးဖမ်းမိတယ်လို့ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေနဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ ရေးသားဖော်ပြထားပါတယ်။

အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */