Showing posts with label ဗွီအိုအေ. Show all posts
Showing posts with label ဗွီအိုအေ. Show all posts

Wednesday, June 10, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်း COVID-19 ရောဂါ ကုသရေး ပြင်ဆင်မှု

VOA
ဗွီအိုအေ (မြန်မာဌာန)
Jun 9, 2020





လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ အဖွဲ့တွေ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မှာ covid-19 ရောဂါပိုးကူးစက်ပျံ့နှံ့နေတဲ့အတွက် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်နေကြပါတယ်။ ပြင်ဆင် ထား တာတွေမှာ တိုးတက်မှုတချို့ရှိပေမဲ့လည်း ရောဂါကူးစက်မှု များပြားခဲ့ရင်တော့ ကုသမှုကို ခွဲတမ်း နဲ့ လုပ် ဆောင်ရနိုင်ချေရှိနေပါတယ်။
လင့်၊https://www.youtube.com/watch?v=mOqdpLUYbeo

Thursday, June 4, 2020

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဇွန်၊ 2020
သက်နိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဇွန် ၂၉၊ ၂၀၁၈)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက လှဖိုးခေါင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးတွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

Friday, May 22, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ပြီး အခြေအနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 မေ၊ 2020
မသိင်္ဂီထိုက်
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ ဒုက္ခသည် မိသားစုတွေ ပြန်လည် ထူထောင်ရေး လုပ်နေရပါတယ်။ ဒုက္ခသည် စခန်း တွင်း မီးလောင်ခဲ့မှုမှာ အဖြစ်ဆောက်လုပ်ထားတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ပေါင်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ရ တာ ပါ။ 

Monday, May 18, 2020

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
17 မေ၊ 2020  
ဒုက္ခသည်စခန်းတွင်း မီးလောင်ပြီးနောက် ကြည့်ရှုနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၇၊ ၂၀၂၀။ ဓာတ်ပုံ - U Isalm (U Aye Lwin) Rohingya Refugees)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နောက်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အ ပြည့် အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပ လောင် ဒုက္ခသည်စခန်း အမှတ် ၅ မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။ မီးလောင်မှု အတွင်း ထိခိုက်သေဆုံးသူ မရှိပေမယ့် နေအိမ်အများအပြား မီးဘေးသင့်ခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့ရ တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

Tuesday, January 28, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးတွေအတွက် ပညာ ရေးအစီအစဉ် စတင်မည်

ရိုဟင်ဂျာကလေးငယ်များ UNICEF က ဖွင့်ထားတဲ့ ကျောင်းတက်ရောက်စဉ် (သြဂုတ်လ ၂၀၁၈) (AP Photo/Altaf Qadri)


ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်း လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆို ခဲ့တာ ပါ။ 

Thursday, January 23, 2020

ကြားဖြတ်အရေးပေါ်စီမံမှုဆုံးဖြတ်ချက် ICJ ချမှတ်

VOA
ဗွီအိုအေ (မြန်မာဌာန) 
23 ဇန်နဝါရီ၊ 2020 

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ အပြည်ပြည်ဆိုင် ရာ တရားရုံး က ဒီနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွား ရမယ်။

Thursday, January 16, 2020

ဒုက္ခသည်အရေး မြန်မာကိုဖိအားပေးဖို့ ICRC ကို ဘင်္ဂလား တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေ ရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

Thursday, December 19, 2019

စိစစ်ပြီး ဒုက္ခသည် လက်ခံဖို့ မြန်မာအသင့်

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဒီဇင်ဘာ၊ 2019
ကျော်ကျော်သိန်း
ကမ္ဘာ့ဒုက္ခသည်များ ဖိုရမ်မှာ သံအမတ် ဒေါ်အိအိတင် အစီရင်ခံ။ ( ဓာတ်ပုံ - UN WEB TV Screen Shot)


မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက စစ်ဆေးအတည်ပြုပြီး သူတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း အတိအကျ အကောင်အထည် ဖော်သင့်တယ်လို့ မြန်မာ သံအမတ်တဦးဖြစ်သူ ဒေါ်အိအိတင်က ပြောပါတယ်။ ပြန်လာသူတွေ အားလုံးအတွက် ပိုပြီး အဆင်ပြေစေမယ့် အခြေအနေ ဖန်တီးပေးဖို့ နိုင်ငံရေးအရ စစ်မှန်တဲ့ဆန္ဒ ရှိတယ်လို့လည်း ပြောပါတယ်။ ဂျီနီဗာ ကုလ သမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ တင်ပြပြောဆိုချက်ထဲက ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Wednesday, December 11, 2019

ICJ ကြားနာပွဲတက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စာရင်း

VOA 
11 ဒီဇင်ဘာ၊ 2019
ICJ ကြားနာပွဲတွင်တွေ့ရသည့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တချို့။ (The Hague ၊ နယ်သာလန်) (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)

ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့ ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်သည့် ကိုယ်စားလှယ် အဖွဲ့စာရင်း အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။

ဦးဆောင်သူများ

Tuesday, December 10, 2019

ICJ အမှုအတွက် The Hague ကို ရိုဟင်ဂျာအရေး ဆောင် ရွက် သူတွေရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
ကိုဇော်ဝင်းလှိုင်
HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံတကာတရား တရားမျှမှုဆိုင်ရာ ပူးတွဲညွန်ကြားရေးမှူး Param Preet-Singh  

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေတောကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့တွက်ကြောင့်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ဒီက
နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် ကြားနာတော့မှာပါ။

Wednesday, December 4, 2019

ICJ မှာ မြန်မာအတွက် ပါမောက္ခ Scahbas အကျိုးဆောင် မယ့် အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
မြန်မာနိုင်ငံအနောက်ဘက်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက် မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ William Schabas က ICJ တရားရုံးမှာ မြန်မာအစိုးရရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အံ့သြသင့် စိတ်ပျက်ခဲ့ကြပါတယ်။

Sunday, November 24, 2019

ICJ မှာ မြန်မာ ဘယ်လိုရင်ဆိုင်မလဲ

VOA Burmese
24 Nov 2019

လူမျိုးတုန်းသတ်ဖြတ်မှုနိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂန်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ အမှုတင်ထားပါတယ်။ မြန်မာဖက်က ဘယ်လို တုန့်ပြန်သလဲ၊ ထိရောက်မှုရှိပါ့မလား။ သတင်းထောက်မှတ်စုမှာ မမေခ တင်ပြသွားမှာပါ။ Originally published at - https://burmese.voanews.com/a/5177462...

 

Sunday, November 3, 2019

ရိုဟင်ဂျာအရေး ကုလအတွင်းရေးမှူးစိုးရိမ်ချက် အာဆီယံ အစည်းအဝေးတွင်း ဖော်ပြ

VOA 
03 နိုဝင်ဘာ၊ 2019  
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (သြဂုတ် ၁၊ ၂၀၁၉)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည် ၇ သိန်းကျော်အရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီပဋိပက္ခနဲ့ ပတ်သက်လို့ အရင်းခံအကြောင်းတရားကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူတို့တွေ လုံလုံခြုံခြုံ နေရပ်ရင်းပြန်နိုင်ရေး ဆောင်ရွက်သွားဖို့ကိုလည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါ တယ်။

Sunday, August 11, 2019

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် Biometric မှတ်ပုံ တင် ပြုလုပ်

VOA
ဗွီအိုအေ (မြန်မာဌာန) 
11 သြဂုတ်၊ 2019
မခွာညို
 
                                                             ရိုဟင်ဂျာ ဒုက္ခသည်များ (Courtesy Image) 

ဘင်္ဂလားဒက်ရှ်မှာ နေနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅သိန်းကျော်ဟာ သူတို့အတွက် ပေးတဲ့ အကူအညီတွေ အခက်အခဲမရှိဘဲ ရနိုင်တဲ့ သက်သေခံအထောက်အထားတွေကို လုပ်ပေးထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒီအကြောင်း UNHCR ဌာနချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein က သတင်းပေးပို့ထားတာကို ဆက်ပြီး ပြောပြပေးပါမယ်။

Thursday, August 1, 2019

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ အာဆီယံ အလေးထား ဆောင်ရွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
01 သြဂုတ်၊ 2019
ရဲမင်းထွန်း
 ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင် တက်ရောက်။ 

(၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ အစည်းအဝေးမှာ အရှေ့တောင် အာရှ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။

Saturday, July 27, 2019

ရိုဟင်ဂျာအရေး အလေးပေး ဆောင်ရွက်နေကြောင်း ပြင်သစ်အစိုးရ လွှတ်တော်ကိုပြောကြား

 ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေဟာ သိပ်ကို စိုးရိမ်ဖွယ်ရာကောင်းဆဲရှိပြီး ဒါနဲ့ပတ်သက်လို့ ပြင်သစ် အစိုးရဟာ အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီ လာခံ၊ လုံခြုံရေးကောင်စီတို့ အပါအဝင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင် ရွက်နေ တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၂၅ ရက်၊ ကြာသပတေး နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

Sunday, June 23, 2019

ASEAN မှာ ရိုဟင်ဂျာအရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2019
မသိင်္ဂီထိုက်


အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စတင်လိုက်ပါတယ်။ ထိပ်သီးညီလာခံ အကြို ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Thursday, June 20, 2019

ရိုဟင်ဂျာပြဿနာ အလေးထားဖို့ ASEAN ခေါင်း ဆောင်တွေကို လူ့အခွင့်အရေးသမားတွေ တိုက်တွန်း


အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ ကျင်းပတော့မယ့် အာဆီယံခေါင်း ဆောင်တွေ အစည်းအဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အမှန်အတိုင်းတင်ပြဖို့ လူ့အခွင့်ရေးအဖွဲ့တွေက ဗုဒ္ဓ ဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Thursday, April 25, 2019

စစ်ရေးပဋိပက္ခ တွေ့ဆုံဖြေရှင်းဖို့ ရခိုင်လူမှုအဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
24 ဧပြီ၊ 2019 

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေကြရတာ ရှေး ဟောင်းအမွေ အနှစ် ဘုရားပုထိုးတွေ ပျက်စီးတာတွေ ရှိနေတာကြောင့် ဒါတွေကို ရပ်တန့်ဖို့ အစိုးရတပ်မတော်နဲ့ ရခိုင် လက်နက် ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုတွေ ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးသွားဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ် ပွားနေချိန်မှာ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ၃၀၀ နီးပါး ပါဝင်တဲ့ မိတ်ဖက်အဖွဲ့က ခုလို တိုက်တွန်း တောင်းဆိုခဲ့ကြတာပါ။ ဗွီအိုအေ မြန်မာပိုင်းသတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်း 
ပေး ပို့ထားပါတယ်။

Saturday, April 20, 2019

ရိုဟင်ဂျာဌာနေပြန်ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် ၄ ကြိမ် မြောက် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ဒုက္ခသည်စခန်းထဲက ဈေးထဲမှာ ရိုဟင်ဂျာဒုက္ခသည်များ စုဝေးနေကြစဉ် (မတ်၊ ၀၇၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်မှာ မေ လ ၃ ရက်နေ့ကျရင် ကျင်းပပါလိမ့်မယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */