Showing posts with label ရခိုင်တိုက်ပွဲ. Show all posts
Showing posts with label ရခိုင်တိုက်ပွဲ. Show all posts

Sunday, August 25, 2024

ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ

RFA
2024.08.25 

မောင်တောမြို့တွင် ပိတ်မိနေသည့် ရိုဟင်ဂျာများကို AA အဖွဲ့က နေရာပြောင်းရွှေ့ပေးနေကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က Arakan Bay News တွင် ဖော်ပြထားပုံ။ Arakan Bay News
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ၂၀၂၁ စစ်အာ ဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေကို မြန်မာပြည်သူတွေ ခါးစည်းခံနေရသလို ရခိုင် ပြည်နယ်မှာလည်း ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ ဖြစ်နေပါတယ်။

Sunday, March 17, 2024

စစ်ရှိန် ပိုမြင့်လာဖွယ်ရှိနေတဲ့ ရခိုင်တိုက်ပွဲ

VOA
ဝင်းမင်း

၁၆ မတ်၊ ၂၀၂၄

ရသေ့တောင်မြို့တိုက်ပွဲအတွင်း ရခိုင့်တပ်တော် AA က သိမ်းဆည်းမိခဲ့တဲ့ လက်နက်တချို့။ (ဓါတ်ပုံ_AA Info Desk)
"ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။" (ဦးခိုင်မြတ်ကျော် − အယ်ဒီတာချုပ် ၊ နိရဉ္စရာ သတင်းဌာန)

Monday, February 12, 2024

ရခိုင်တိုက်ပွဲကြောင့် ပြေးဝင်လာသူများအနက် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးထား

DMG
ဖေဖော်ဝါရီ ၁၀ 

 
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ပြေးဝင်လာသည့် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဖမ်းဆီးထားပြီး ကော့ဘဇားရှိ အူခီးယာရဲစခန်းတွင် တရားစွဲဆိုထားကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များသည် မြန်မာဘက်သို့ မည်ကဲ့သို့ ဝင်ရောက်သွားပြီး ယခုကဲ့သို့ လက်နက်များနှင့် ပြန်ဝင်လာသည်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

Monday, November 27, 2023

စစ်ကောင်စီကရခိုင်တစ်ပြည်လုံးအနှံ့လမ်းများကိုပိတ်ဆို့ထား ၍ လယ်သမားများအနေဖြင့် စပါးရိတ်သိမ်းရန် စက်သုံး ဆီ အထူးခက်ခဲနေ

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့ရှိ  ကုန်းလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ် ထား၍ လယ်သမားများတွင် စပါးများရိတ်သိမ်းရန် စက်သုံးဆီ အထူးအခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တ ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ယင်းနေ့မှ စတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းများကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။

Wednesday, November 15, 2023

ရခိုင်တိုက်ပွဲ ပထမနေ့မှာတင် ရဲ ၃၀ ခန့် အလင်းဝင်သလို၊ စစ်ကောင်စီတပ်သား ၁၁ ဦး သုံ့ပန်းမိခဲ့ပေမယ့် AA ရဲဘော် ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ AA ထုတ်ပြန်

မော်ကွန်း
စစ်တွေ (မော်ကွန်း)
၂၀၂၃ နိုဝင်ဘာ ၁၄
 

စစ်ဆင်ရေးပထမနေ့မှာ ရဲအယောက်သုံးဆယ်နီးပါး လက်နက်နဲ့အတူအလင်းဝင်သလို စစ်ကောင်စီ တပ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပေမယ့်သူတို့ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ရက္ခိုင့် တပ်တော်(AA )က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Monday, November 13, 2023

ရခိုင်တိုက်ပွဲ အေအေ ဘာပြောလဲ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေ နိုဝင်ဘာ ၁၃ ရက် မှာ စတင်ဖြစ်ပွားနေပါတယ်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယု မြစ်ကမ်းဘေးက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေက နယ်ခြားစောင့် ရဲစခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲစဖြစ်တာလို့ ဒေသခံအချို့ကပြောပါတယ်။

ရက္ခိုင့်တပ်တော် - အေအေ ဘက်ကလည်း ရသေ့တောင်မြို့ထဲက နေရာအချို့နဲ့ မင်းပြားမှာတိုက်ပွဲ တွေဖြစ်နေတယ်လို့ ‌ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကအတည်ပြုပြီး ရသေ့တောင် မှာ တပ်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

Saturday, March 21, 2020

ရခိုင်အရေး နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ဝေဖန် မှုတွေရှိ

VOA
 ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2020
မဆုမွန်
ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများရပ်ရန် ဆန္ဒပြတောင်းဆိုသည့် ချင်းတိုင်းရင်းသားများ။ (ဇူလိုင် ၁၃၊ ၂၀၁၉)
 
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ် သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန် ပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေပါ အတော်လေး ဆက်ပြင်းထန်နေချိန် စစ်ရေးကို ပြေလည်အောင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပါလို့လည်း သူတို့က တိုက်တွန်းကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

Thursday, April 4, 2019

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ

B B C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊


ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Thursday, March 14, 2019

လေးလကြာ ရခိုင်ဒေသစစ်ကြောင့် ဒုက္ခသည်နှစ် သောင်း ထိရှိလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊14 မတ်၊ 2019

ရခိုင် စစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တို့အကြား လေးလကြာ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာပြီလို့ ရခိုင်ဒေသ လွှတ်တော်ကိုယ်စား လှယ် တွေက ပြောပါတယ် ။ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ် အစပ်ဒေသတွေမှာ မြန်မာအစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခု မတ်လ ၁၃ နဲ့ ၁၄ ရက်အတွင်းမှာကို ဒေသခံရွာသား နှစ်ထောင် ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */