Showing posts with label စစ်ပြေးဒုက္ခသည်. Show all posts
Showing posts with label စစ်ပြေးဒုက္ခသည်. Show all posts

Tuesday, June 23, 2020

ရခိုင်နဲ့ ချင်းပြည်နယ် စစ်ပြေးဒုက္ခသည်အရေး မီးမောင်းထိုး ပြနေတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်

VOA 
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2020
အင်ကြင်းနိုင်
Her Excellency Vesna Batistic Kos Ambassador of Croatia to the UN 

မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိလာစေရေး လူ့အခွင့်အရေးကောင်စီက ဖိအားပေးနိုင်ဖို့ ဒီနှစ် ဆုံး ဖြတ်ချက် မူကြမ်းကိုရေးဆွဲခဲ့တာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ခရိုရေးရှား သံအမတ်ကြီးက ဥရောပသမဂ္ဂ ကိုယ်စား လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

Sunday, April 14, 2019

ရခိုင်စစ်ပြေးဒုက္ခသည်အရေး ICRC စိုးရိမ်

ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)
 
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ဒုက္ခ သည် အရေအတွက် တိုးပွါးလာနေတဲ့အပေါ် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က စိုးရိမ်ပူပန်တဲ့အကြောင်း မနေ့က သတင်းထုတ် ပြန်ပါတယ်။

Thursday, March 14, 2019

လေးလကြာ ရခိုင်ဒေသစစ်ကြောင့် ဒုက္ခသည်နှစ် သောင်း ထိရှိလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊14 မတ်၊ 2019

ရခိုင် စစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တို့အကြား လေးလကြာ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာပြီလို့ ရခိုင်ဒေသ လွှတ်တော်ကိုယ်စား လှယ် တွေက ပြောပါတယ် ။ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ် အစပ်ဒေသတွေမှာ မြန်မာအစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခု မတ်လ ၁၃ နဲ့ ၁၄ ရက်အတွင်းမှာကို ဒေသခံရွာသား နှစ်ထောင် ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

Wednesday, March 13, 2019

ရခိုင်စစ်ပြေးဒုက္ခသည် တသောင်းကျော်ထိ တိုးလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 13 မတ်၊ 2019

ရခိုင်စစ်ပြေးဒုက္ခသည်များ (သတင်းဓါတ်ပုံ-Khine Murn Chun )
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၃၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ခုချိန်မှာ သောင်းဂဏန်းအထိ ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေ သတွေမှာ ရွာသားတွေကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးတာတွေလည်း ပိုများလာနေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */