RFA
RFA Burmese
2024.03.21
Friday, March 22, 2024
ရိုဟင်ဂျာတွေကို လေကြောင်းတိုက်ခိုက်မှု BROUK ရှုတ်ချ
Tuesday, March 19, 2024
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာကို လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၃၀ နီပါးသေဆုံး
လွတ်လပ်သော မွန်သတင်း အေဂျင်စီ
March 18, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါရိုဟင်ဂျာရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတို့ထံမှ သိရသည်။
မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး
Myanmar Now
ခင်ငြိမ်းချမ်း မိုးဦး
March 18, 2024
သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးသည်။
ယနေ့ (မတ် ၁၈) နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၁ ဦးအထိ သေ ဆုံး ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။
ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို
RFA
RFA Burmese
2024.03.18
Monday, March 18, 2024
မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ
RFA
RFA Burmese
2024.03.17
Wednesday, December 6, 2023
မြောက်ဦး၊ အမ်း၊ မင်းပြားနှင့် မောင်တောတွင် ပစ်ခတ်တိုက် ခိုက်မှုများ ဆက်ဖြစ်နေ
DVB
December 6, 2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်လောက်ကို ဒီနေ့ မွန်း လွဲ ၁ နာရီလောက်က မြောက်ဦးမြို့မရဲစခန်းရှေ့ အရောက်မှာ အေအေ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
Sunday, November 19, 2023
မင်းပြားမြို့ခံအများစုကို AA အဖွဲ့ဝင်များဟု ရခိုင်ပြည်နယ် စစ်ကောင်စီစွပ်စွဲ မင်းပြားဆေးရုံကို အေအေကပစ်ခတ်ဟု လိမ်လည်သတင်းထုတ်ပြန်
Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်စစ်ကောင်စီက မင်းပြားမြို့ခံအများစုကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များဟု စွပ်စွဲ လိုက်ပြီး လက်နက်ကြီးကျည်ကျ၍ အဆောက်အဦ အချို့ပျက်စီးခဲ့ရသည့် မင်းပြားဆေးရုံကို အေအေ က ပစ်ခတ်သည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။
Wednesday, November 15, 2023
စစ်တွေနှင့် ဘူးသီးတောင်ဒေသခံများကို စစ်တပ်က ဖမ်းဆီး၊ မင်းပြားတွင် လက်နက်ကြီးကြောင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ် ရာရ
DVB
November 15, 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စစ်အင်အား တောင်းခံတာတွေရှိလာပြီး ရပ်ကွက်တချို့မှာ အကြောင်းမဲ့ နေအိမ်ပေါ်အထိ တက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Monday, November 13, 2023
ရသေ့တောင်နဲ့မင်းပြားစစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ နိုဝင်ဘာ၊ ၂၀၂၃
ရခိုင်မြောက်ပိုင်းက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အ ဖွဲ့ကြား ဒီကနေ့မနက်ပိုင်းကစတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထား သ လို အရာရှိတချို့ ဖမ်းဆီးရမိတာတွေရှိတယ်လို့လည်း ရက္ခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခက ဗွီအို အေကို အတည်ပြု ပြောပါတယ်။
မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး
RFA
RFA Burmese
2023.11.13
ရခိုင်တိုက်ပွဲ အေအေ ဘာပြောလဲ
BBC
၁၃ နိုဝင်ဘာ ၂၀၂၃,
ရက္ခိုင့်တပ်တော် - အေအေ ဘက်ကလည်း ရသေ့တောင်မြို့ထဲက နေရာအချို့နဲ့ မင်းပြားမှာတိုက်ပွဲ တွေဖြစ်နေတယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကအတည်ပြုပြီး ရသေ့တောင် မှာ တပ်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။
Saturday, October 1, 2022
ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေ ယာဉ် ပြေးဆွဲခွင့်မရသေး
DMG
စစ်တွေ
Oct 1, 2022
ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေ ယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါရေယာဉ်လိုင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေ-ပေါက်တော၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များကိုသာ ပြေးဆွဲခွင့်ပြုထားပြီး ကျန်မြို့နယ်များသို့ ပြေးဆွဲ ခွင့် မပြုသေးပေ။
Saturday, December 25, 2021
မင်းပြားတွင် ရိုဟင်ဂျာလယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ ကောက် လိုင်းစည်းပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရ
Western News
24.12.2021
မင်းပြားတွင် ရိုဟင်ဂျာလယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ကောက်လိုင်းစည်းပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရတယ်လို့ Western News ထဲမှာပါလာတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား မီးရှို့ဖျက်စီးတာတွေလွန်ခဲ့တဲ့ လ အနည်းငယ်စပြီး အစီစဉ်တကျလုပ်လာတာတွေ့ရပတယ်။Thursday, August 5, 2021
ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော
ဧရာဝတီ
4 August 2021
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လက်မရွာဗလီတွင် ရွာသားများကို အစာမကျွေးဘဲ ပိတ်လှောင်ထားသည် ဆိုသော ပြောဆို မှုမှာ မမှန်ကြောင်း ရက္ခိုင်စစ်တပ် (AA) က ပြောသည်။
Wednesday, October 7, 2020
ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုတွေမှာ အရပ်သား သေဆုံး ဒဏ် ရာရမှုတွေရှိ
မင်းပြားမှာ ရိုဟင်ဂျာသုံးဦး တပ်က ပစ်ခတ်လို့ သေဆုံး
လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.10.07
Sunday, January 19, 2020
မင်းပြားနဲ့ ပုဏ္ဏားကျွန်းမှာ ပေါက်ကွဲမှုတွေကြောင့် အရပ် သား ကိုးယောက် ဒဏ်ရာရ
ဖြူဖြူခိုင်
19 ဇန်နဝါရီ၊ 2020
Photo: Google Map
Wednesday, January 8, 2020
Thursday, January 2, 2020
မင်းပြားအုပ်ချုပ်ရေးမှူးနှစ်ဦး အသတ်ခံရတာလို့ မျက်မြင် တွေပြော
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး နဲ့ ကျေးရွာတာဝန်ခံ တစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက သတ်ဖြတ်လိုက်တာလို့ မျက်မြင်သက် သေ နှစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
















