Showing posts with label မြန်မာ့တပ်မတော်. Show all posts
Showing posts with label မြန်မာ့တပ်မတော်. Show all posts

Friday, October 9, 2020

ဘူသီးတောင်တွင် စစ်ရှိန်မြင့်လာ၍ ကျေးရွာနှစ်ရွာမှဒေသခံ များ နေရပ်စွန့်ခွာ

DMG
ကျော်မျိုးအောင် |
DMGအောက်တိုဘာ ၈ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

Thursday, March 5, 2020

ရခိုင်မှာ တစ်ရက်တည်း ကျေးရွာသုံးရွာမီးလောင်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.03.05
တိုက်ပွဲတွေကြောင့် ကျေးရွာတွေမီးလောင်တာ၊ ကလေးငယ်တွေအပါအဝင်အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဆိုသလိုရှိလာ
 
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား မတ်လ ၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ ကြောင့် ကျော်တော်မြို့ထဲက ကျေးရွာ ၃ ရွာ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါ တယ်။

Sunday, August 18, 2019

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၃ဝကိုစစ်တွေ တွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်

နိရဉ္စရာ
နီမင်းထွန်း
နိရဉ္စရာ ၊ သြဂုတ် ၁၈/၂ဝ၁၉


ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား ကျောင်းသူ ၃ဝ ကို စစ်တွေမြို့တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိနိုင်ရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

Saturday, July 13, 2019

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေး ရွာ မီးရှို့ခံရဟုဆို

Khit Thit Media
ရန်ကုန်၊ ဇူလိုင် ၁၃
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးတွင် ရခိုင်တပ်မတော် AA နှင့် တပ်မ တော်တို့ တိုက်ပွဲဖြစ်ပွားပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

Sunday, July 7, 2019

အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦး အပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ ဇူလိူင် ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေ မျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခု အ ခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။

Sunday, June 30, 2019

တပ်မတော်စစ်ကြောင်းဝင်လာ၍ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသားများ စိုးရိမ်နေ

DVB
By ဒီဗွီဘီ
30 June 2019

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မင်းဖူးကျေးရွာကို ဒီကနေ့ မနက် ပိုင်း ၁၀ နာရီဝန်းကျင် လောက်က တပ်မေ တာ်စစ်ကြောင်းတခုဝင်လာတာကြောင့် ကျေးရွာသားတွေက စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ကျေးရွာသား တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။

Wednesday, June 26, 2019

တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား

ဧရာဝတီ
By နန်းလွင်
25 June 2019

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော မြန်မာ့တပ်မတော် ပူးတွဲလေ့ကျင့်ရေးတခု / Reuters

မြန်မာ့တပ်မတော်ကို အရေးယူရန် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ပါ တီ လုံးမှ အမတ်များပါဝင်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဥပဒေကြမ်းတရပ်ကို ပြီးခဲ့သည့်အ ပတ်က မဲခွဲ အတည်ပြုလိုက်ပြီး ထိုဖြစ်ရပ်သည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအကျပ်အတည်းအတွက် တပ်မတော်ကို ဖိအားပေးရန် ပြည်ပမှ မကြာသေးမီက အားထုတ်မှုသစ်ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဖမ်းဆီးခံအရပ်သား သေဆုံးမှု တိုး

VOA
ဗွီအိုအေ (မြန်မာဌာန
25 ဇွန်၊ 2019
ကိုနိုင်ကွန်းအိန်
  ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (စက်တင်ဘာ၊ ၁၃၊ ၂၀၁၇)

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင် လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆယ်နွယ်သူတွေအဖြစ် မသ င်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မြောက်ဦးမြို့နယ်က ရွာသားတဦးဟာ ဆိုရင်လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့အတွက် ဒီ ကနေ့ပဲ သ င်္ဂြိုဟ်ခဲ့ရသလို တခြား ဖမ်းဆီးခံရသူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေလည်း ရှိနေတယ်လို့ လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိန်ကနေ သတင်းပေးပို့ထားပါတယ်။

Monday, June 24, 2019

AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ် ယောက်သေဆုံး

RFA
လြတ္လပ္တဲ့ အာရွအသံ 
2019-06-24
သေဆုံးသွားသူဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသား ကိုနေမျိုးထွန်းကို တွေ့ရစဉ်

Photo: cincds.gov.mm
                                           
AA အဖွဲ့ဝင်တွေလို့ ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသားတစ်ဦး ဒီနေ့ သေဆုံးသွားပါတယ်။

Saturday, June 22, 2019

ရခိုင်မှာ တပ်မတော်ကစစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေကို စုံစမ်းဖို့တင်ပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မင်းသားတောင်ရွာက ဦးကျော်လှိုင် ကို ကျောက်တော်ဆေးရုံမှာ ၂ဝ၁၉ မေ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zaw Worn

ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ် ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။

Saturday, June 15, 2019

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ဧရာဝတီ
 By နန်းလွင်နှင်းပွင့်
14 June 2019

ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ကျော်ခ / ဧရာဝတီ

ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု သဘောတူ ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေရာ တပ်မတော် ဘက်မှ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ် သဘောထား တင်းမာမှုများ ရှိနေသဖြင့် ဆွေးနွေးမှုတွင် အခက်အခဲများ ရှိနိုင်သည်ဟု ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကို ပြော သည်။

Wednesday, June 12, 2019

အကျအဆုံးစာရင်း AA ထုတ်ပြန်ချက် တပ်မတော် ငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)
12 ဇွန်၊ 2019

ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်ရှိ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇) 

စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁,၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက် ကတော့ ဒါဟာ ဝါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။ ဒါ့အပြင် အခု ဇွန်လအတွင်း ရခိုင် မြောက်ပိုင်းမှာ တိုက် ပွဲတွေ လျော့ကျလာပြီး လုံခြုံရေးအခြေနေ တိုးတက်လာတယ်လို့လည်း မြန်မာ့တပ်မ တော် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင် ကွန်းအိန် သတင်း ပေးပို့ထားတာပါ။

Wednesday, May 29, 2019

ကုလားတန်မြစ်အတွင်း တိုက်ပွဲမှာ တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-29
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

-

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မောင်နှမရွာနဲ့ ငဒက်ရွာကြား ကုလားတန်မြစ်အတွင်း သွားနေတဲ့ တပ်မ တော် စစ်ကြောင်းက စက်လှေ လေးစီးကို ရက္ခိုင့်တပ်မတော် AA က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံးခဲ့သလို AA ဘက်ကလည်း တစ်ယောက် ကျဆုံးခဲ့တယ်လို့ နှစ်ဖက် ပြောခွင့်ရသူတွေက ပြောပါတယ်။

Thursday, April 25, 2019

ဖမ်းခံရတဲ့ မြောက်ဦးဒေသခံ သုံးဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
25 ဧပြီ၊ 2019
နိုင်ကွန်းအိန်
မြောက်ဦးမြို့

AA အဖွဲ့နဲ့ ပက်သက်ဆက်နွယ်နေတယ်ဆိုပြီး မြောက်ဦးမြို့နယ် လက္ကာရွာအတွင်းက တပ်မတော် ကမသ င်္ကာ လို့ ဖမ်းဆီးသွားတဲ့ လူ(၂၇)ဦးထဲက (၃)ဦးသေဆုံးသွားတယ်လို့ တပ်မတော်ဘက်က ပြောဆိုပါတယ်။ ဒီသေဆုံးမှုအတွက် အကြောင်းရင်းမှန်သိရအောင် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့စုံစမ်းသွားမယ်လို့လဲ လွှတ်တော်အကြီးအကဲတွေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ရောဂါကြောင့်သေတာမဟုတ် နိုင် ဘူး လို့ သံသယရှိနေကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

Thursday, April 11, 2019

မြောက်ဦး ရခိုင်ရွာသား ၂၇ ဦး စစ်တပ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 11 ဧပြီ၊ 2019
 
မြန်မာ့တပ်မတော်မှ စစ်သားများ
 
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင် သွား တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေအဖြစ် မသင်္ကာသူ တွေကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်ပြောထားပေမဲ့၊ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိ သူတွေ က တော့ အခု အဖမ်း ဆီးခံသူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာလုံခြုံရေး ကင်းစောင့် အဖွဲတွေ လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထား ပါတယ်။

မြောက်ဦးရဲတပ်ရင်းဌာနချုပ် AA တိုက်ခိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
10 ဧပြီ၊ 2019 

ရခိုင်တပ်မတော် AA တည်ထောင်တဲ့(၁၀)နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဒီကနေ့မှာဘဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အတွင်းက ရဲတပ်ရင်းနဲ့ မြန်မာစစ်တပ် လက်နက်ကြီးစခန်းတွေကို AA ဘက်က ဝင်ရောက် တိုက်ခိုက်ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် နှစ်ဘက်စလုံးက ပြောပါတယ်။

Tuesday, April 9, 2019

ဘူးသီးတောင် ပြင်ရှည်ကျေးရွာ၌ အမျိုးသမီး ၁ဦးအား စစ်သည် ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူး လွန်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိဟုသ တင်းထုတ်ပြန်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ - ၉ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ၌ ဧပြီ ၇ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်သား စစ် သည် ၁ ဦးက အမျိုးသမီး ၁ ဦးအား ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံ စမ်း စစ် ဆေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

Friday, April 5, 2019

ကြောက်လန့်ပြီးသတိလစ်နေသူသပြေကန်စစ်ရှောင် စခန်းမှ မိန်းခလေးကို မြောက်ဦးဆေးရုံ ပို့ဆောင်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၅/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာတွင် ခိုလုံနေသော စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကြောက်လန့်ပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသူ အသက် ၂၁ အရွယ်ရှိ မိန်းလေးတစ်ဦးကိုမြောက် ဦးဆေးရုံသို့ ဧပြီလ ၄ ရက်နေ့က ယူဆောင်သွားရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သိန်း တန်က ပြောကြားသည်။

Thursday, April 4, 2019

စိုင်းတင်ချောင်းတွင် စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှု ဝါးခုတ်သမား ၆ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းတွင် ဧပြီလ ၃ ရက် နေ့က ဝါးခုတ်နေသူများအား စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ဘင်္ဂလီ လူမျိုး ဝါးခုတ်သမား ၆ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ ရှိသွား ကြောင်း သတင်းရရှိသည်။

ဖုန်ညိုလိပ်ကျေးရွာမှ မူဆလင်အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါက “ သေ ဆုံးတာ ၆ ဦး ဖြစ်ပါတယ်။ ရေချမ်းပြင်က ၂ ဦးပါ၊ ကင်းတောင် ၁ ဦး၊ သပြုချောင်း ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးလို့ သိရပါတယ်။ ဒဏ်ရာ ရ တာက တစ်ဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျောက်ရန်ရွာက ဒဏ် ရာရတာ ၅ ယောက်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

(ဒဏ်ရာရသူ တစ်ဦးကို ဘူးသီးတောင်ဆေးရုံတွင် တွေ့ရစဉ်။)

ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရ သည်။

Sunday, March 31, 2019

သလူချောင်းတွင်တိုက်ပွဲပြင်းထန်၍ အစိုးရတပ်က တိုက်လေယာဉ်နဲ့ လာပစ်

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မတ် ၃၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲ ပြင်းထန်သဖြင့် အစိုးရတပ်မှ တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု မျက်မြင် ကျေးရွာ လူကြီး တစ် ဦးမှ ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */