" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလားတန်မြစ်. Show all posts
Showing posts with label ကုလားတန်မြစ်. Show all posts

Monday, May 27, 2019

AA နဲ့ မြန်မာစစ်တပ် ကုလားတန်မြစ်ကမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
27 မေ၊ 2019

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA အဖွဲ့အကြား မနေ့ကညပိုင်း အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သလို နှစ်ဘက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော်ရော၊ AA တာဝန် ရှိ သူတွေက ပြောပါတယ်။ မနေ့က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း၂ ဘက်တိုက်ပွဲအတွင်း စက် လှေ မောင်းရွာသား ၂ ဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ မြန် မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်း ပေးပို့ထားပါတယ်။

Sunday, March 17, 2019

AA အဖွဲ့က မီးရှို့ခဲ့သည့် သင်္ဘောကို ဝန်ကြီးဌာန ပြန်လည်ဆယ်ယူရန် စီစဉ်နေဟုဆို

 
မတ်လ ၁၇ရက်တွင် မီးလောင်ပြီးနောက် တွေ့ရသည့် ရတနာဝင်းသင်္ဘော (ဓာတ်ပုံ − Khumi Media Group)
 

 
ကုလားတန်မြစ်အတွင်း AA လက်နက်ကိုင်အဖွဲ့က မီးရှို့ ခဲ့သည့် သင်္ဘောသည် နစ်မြုပ်ခြင်း မရှိသော ကြောင့်တပ်မတော်ကလုံခြုံရေးဆောင်ရွက်ပြီးပါက ပြန် လည်ဆယ်ယူရန် စီစဉ်နေသည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြောခွင့်ရနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက မတ်လ ၁၇ ရက်တွင် ပြောသည်။

Saturday, March 16, 2019

ကုလားတန်မြစ်တွင်း အစိုးရကုန်သင်္ဘော ပစ်ခတ်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်၊
16 မတ်၊ 2019

ကုန်တင်ဇက်သင်္ဘော တိုက်ခိုက်ခံရပုံ (ဓါတ်ပုံ-စစ်ရှောင်အကူညီပေးရေး အဖွဲ့ဝင်တဦး)

မြန်မာနိုင်ငံ အနောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းတွေအတွင်း ပစ် ခတ်မှုတွေ ဆက်ဖြစ်နေလို့ ဒေသခံတွေ အထူးကြောက်ရွံ့နေကြပါတယ်။ စနေနေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး အစိုးရပိုင် ကုန်တင်ဇက်သင်္ဘောဟာလက် နက်ကိုင်အဖွဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက် တာခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကိုလည်း သောကြာ ညဘက်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ မြို့ထဲ မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီဒေသ အခြေအနေတွေကို VOA သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */