လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.04.22
■ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကား ပစ်ခတ်ခံ ရ လို့ အဖွဲ့ရဲ့ဝန်ထမ်းသေဆုံးရပြီး၊ ကားပေါ်ပါတဲ့ ကျန်းမာရေးဌာနကဝန်ထမ်း ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးဖော်ထုတ်ဖို့နဲ့ တာဝန်ရှိတဲ့သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဌာ နက မြန်မာအစိုးရကို မနေ့က ဧပြီလ ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စ မော်ဂန် အော်တေးဂတ်စ် (Ms. Morgan Ortagus) က ကြေညာချက်ထုတ်ပြီးပြောလိုက်တာပါ။