" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြေပြို. Show all posts
Showing posts with label မြေပြို. Show all posts

Thursday, August 10, 2023

မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ငါးရာကျော် နေရာရွှေ့ ပြောင်း

RFA
RFA Burmese
2023.08.09

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုတာကြောင့် ပျက်စီးသွားသည့်နေအိမ်တွေမှ သက်ကြီးရွယ်အိုတွေအား ကယ်ဆယ်ရေးအဖွဲ့တွေမှ ရွှေ့ပြောင်းပေးနေစဉ်။
Rohingya Volunteers

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုလို့ နေအိမ် တွေပျက်စီးတဲ့အတွက် နေအိမ် ရှစ်ဆယ်ကျော်က ဒုက္ခသည် ငါးရာကျော်ကို ဩဂုတ်လ ၉ ရက်နေ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

Wednesday, August 9, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မြေပြိုပြီး သားအမိ ၂ ဦး သေဆုံး

DVB
August 8, 2023 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ ဩဂုတ် ၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ပြို ကျတာကြောင့် သားအမိ နှစ်ယောက် သေဆုံးသွားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။  

သေဆုံးသွားတဲ့ အမျိုးသမီး နှစ်ယောက်ဟာ  ဘာလိုကာလိဒုက္ခသည်စခန်းအမှတ် (၉)၊ အကွက် အမှတ် ( A+6) မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ကြပြီး မနေ့ညနေက သူတို့ရဲ့ နေအိမ်အနားမှာ မြေပြိုကျလို့ အိမ်ပေါ် ကို  မြေပိပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */