" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကျည်ကျ. Show all posts
Showing posts with label ကျည်ကျ. Show all posts

Sunday, October 23, 2022

မြန်မာဘက်က လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထပ်ကျ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ အောက်တိုဘာ ၂၀၂၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံ ခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဘင်္ဂလား‌ဒေ့ရှ်ဘက်ရှိ Bandarban ခရိုင်အတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် မိသားစု ၃၀ လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

ကျည်တွေက Dochari နဲ့ Ghumdhum ဒေသတွေမှာ စနေနေ့က ကျရောက်ခဲ့တာကြောင့် အခုလို ထွက်ပြေးကြရတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် NEWS AGE အင်တာနက်သတင်းဌာနက ပြောပါတယ်။ စနေနေ့ မွန်းလွဲပိုင်း ၁ နာရီ ကနေ ၆ နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သတင်းက ဆိုပါတယ်။ ရခိုင့်တပ်တော် AA အဖွဲ့နဲ့ မြန်မာ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */