Showing posts with label ဥက္ကဋ္ဌ. Show all posts
Showing posts with label ဥက္ကဋ္ဌ. Show all posts

Thursday, September 30, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ပစ်သတ်ခံရ

VOA
VOA (မြန်မာပိုင်း)
30 စက်တင်ဘာ၊ 2021 
ရိုဟင်ဂျာအဖွဲ့အစည်း ARPSH ဥက္ကဋ္ဌ ဦး Mohib Ullah (Photo : HRW website )
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေ လက်ချက်နဲ့ ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တ ယောက် သေဆုံးသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်း (ARPSH) ဥက္ကဋ္ဌ ဦး Mohib Ullah ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သေနတ်သမားတွေက အနီးကပ်ပစ်သွား ခဲ့တာလို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Thursday, December 26, 2019

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးလိုက်ပြီဟု AA ပြောခွင့်ရသူဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၁၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရဲသိန်းမှာ လက်နက်ကြီး ကျည်ကျ သေဆုံးသွားခြင်းဖြစ်ပြီး ကောင်းမွန်းစွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြော ခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။

ဖမ်းဆီးထားတဲ့ NLD ဘူးသီးတောင်ဥက္ကဋ္ဌ သေဆုံးသွား ကြောင်း AA ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-12-25
ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း

ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူ တချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။

Friday, December 6, 2019

ဖမ်းခံရတဲ့ သမီးဖြစ်သူ AA ခေါင်းဆောင်ဇနီးနဲ့ ဖခင်အဆက် အသွယ် မရ

VOA
ဗွီအိုအေ (မြန်မာဌာန) 
06 ဒီဇင်ဘာ၊ 2019
ကိုဇော်ဝင်းလှိုင်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
 
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇော်ဖြူနဲ့ သား သမီး နှစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် လဝကရုံးမှာ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေ ပေမယ့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ မနှင်းဇော်ဖြူရဲ့ ဖခင် ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။

Monday, July 15, 2019

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ ရက် ဇူလိုင် ၂၀၁၉။
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူ အညီပေးရေး လွှတ် တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘော ထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

Saturday, May 11, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူ ပြုကော်မတီ ဥက္ကဋ္ဌ စစ်တွေမြို့သို့ ရောက်ရှိ

မြန်မာ့အလင်း
စစ်တွေ မေ ၁၀ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */