Showing posts with label ရိုဟင်ဂျာလှေစီးဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာလှေစီးဒုက္ခသည်. Show all posts

Wednesday, November 15, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားရောက်

DVB
November 15, 2023

မြန်မာနိုင်ငံဘက်ကနေ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ထဲကို နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့တယ်လို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲက ပြောတဲ့ အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။

Monday, March 7, 2022

အင်ဒိုနီးရှားကို ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်လာ

DVB
2022-03-07

 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘီရွန်းမြို့ကို မတ်လ ၆ ရက် မနေ့မနက်အစာပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦး စက်လှေနဲ့ ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေကြားမှာ ကလေး ၃၅ ယောက်ပါဝင်ပြီး ကျေးရွာထဲဝင် လုံခြုံမှုအကာအကွယ်ပေးဖို့ တောင်းခံ ပါ တယ်။

ရွာခံတဦးက “ပင်လယ်ကို ဘယ်လောက်ကြာအောင် ဖြတ်ခဲ့သလဲဆိုတာ မသိရသေးဘူး၊ အစိုးရလက်ထဲပဲ လွှဲပေး ရမှာပါ၊ လူသားချင်းစာနာ အကူညီပေးရမယ့်ကိစ္စပဲ၊ ဒီက လက်မခံဘူးဆိုရင် သူတို့ ဘယ်သွားမလဲ” လို့ ပြောပါ တယ်။

Friday, September 11, 2020

အာချေးရောက် ရိုဟင်ဂျာ ၃၀၀ ခန့်ထဲက နောက်တဦးသေ ဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020 
 စက်တင်ဘာ ၇ ရက်နေ့က Ache ပြည်နယ်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ထဲ က အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒို နီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။

Thursday, September 10, 2020

အာချေးကမ်းခြေရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ခန့် ထဲက တဦးသေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
10 စက်တင်ဘာ၊ 2020  
Ujong Blang ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ထဲက သေဆုံးသူကို မြေမြှပ်သဂြုႋဟ်နေစဉ် 
 အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Ujong Blang ကမ်းခြေကို စက်လှေတစီးနဲ့ စက်တင်ဘာလ (၇)ရက် တနင်္လာနေ့ အစောပိုင်းမှာ ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ နီးပါးထဲက အမျိုးသမီးတဦးဟာ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ဆေးရုံကို ရောက်ပြီးနောက် ကွယ်လွန် သွားပါတယ်။

Monday, September 7, 2020

လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေ ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 စက်တင်ဘာ၊ 2020 
 အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ထဲက ပင်လယ်ကမ်းခြေတခုကို ရောကလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာများ။ (စက်တင်ဘာ ၀၇၊ ၂၀၂၀)  

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ထဲက ပင်လယ်ကမ်းခြေတခုကို လှေစီးပြေး ရိုဟင်ဂျာ ၃၀၀ နီးပါးရောက် လာတဲ့အတွက် ကယ်တင်ထားတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ စက်လှေတစီးနဲ့ Ujong Blang ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေ တွေ့ရှိတဲ့အတွက် တာဝန်ရှိသူတွေ ကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ Banda Sakti ရဲချုပ်က ပြောပါတယ်။

Friday, July 10, 2020

ရိုဟင်ဂျာဒုက္ခသည်ကယ်ဆယ်တဲ့ အင်ဒိုနီးရှားကို ကန် ချီးကျူး

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
10 ဇူလိုင်၊ 2020 
ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားရဲက မှတ်ပုံတင် စိစစ်နေစဉ်
 
အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကြူး ဂုဏ်ပြုကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

Thursday, July 2, 2020

အင်ဒိုနီးရှားမှာ ယာယီထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေ ကို IOM ကူညီပေးနေ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇူလိုင်၊ 2020  
အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ် ကမ်းခြေတစ်ခုကို စက်လှေနဲ့ ရောက်ရှိသွားပြီးတဲ့နောက် မကြာခင် ရက် ပိုင်းကပဲ ကမ်းကပ်ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို နာရီနဲ့အမျှ အကူအညီတွေ ပေးအပ် နေတယ်လို့ အင်ဒိုနီးရှားမှာ ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံ တကာ ရွှေ့ပြောင်းသူအခြေချနေထိုင်သူများ အကူ အညီပေးရေးအဖွဲ့ (IOM) က ပြောပါတယ်။

Sunday, June 28, 2020

အင်ဒိုနီးရှားရောက် လှေစီးပြေးဒုက္ခသည်တွေကို COVID -19 ရောဂါရှိမရှိစစ်ဆေးနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဇွန်၊ 2020
ကိုဉာဏ်ဝင်းအောင်
  အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၀၀)နီးပါးကို ဒေသခံ တံငါသည်  တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တေကွ နေစရာပေးစောင့်ရှောက်ထားသလို၊ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပေးနတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ဉာဏ်ဝင်းအောင်ပါ ပြောပြပါလိမ့်မယ်။

Link : Here

အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို COVID -19 စစ်ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
28 ဇွန်၊ 2020
ကိုဉာဏ်ဝင်းအောင်
အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဒေသခံ တံငါ သည် တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တွေက နေစရာပေး စောင့်ရှောက်ထားသလို ကိုဗစ်ရောဂါ ပိုး ရှိမရှိ စစ်ဆေးနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

Thursday, June 25, 2020

Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် အယောက် ၃၀ ပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇွန်၊ 2020
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။

"အခုထိ ကယ်ဆယ်ထားတဲ့ သူတွေထဲ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄၉ ဦး နဲ့ ကလေး အယောက် ၃၀ မှာ ယောကျ်ားလေး ၁၀ ယောက်နဲ့ မိန်းကလေး အယောက် ၂၀ ပါတယ်။" လို့ ရဲချုပ် Tri Hadiyanto ကပြောပါ တယ်။

Wednesday, June 24, 2020

ရိုဟင်ဂျာ တရာနီးပါးကို အင်ဒိုနီးရှားရေလုပ်သားတွေ ကယ်တင်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.25

■ အင်ဒိုနီးရှားနိုင်ငံမြောက်ဘက် အစွန်ဆုံး အာချေးပြည်နယ်အတွင်း ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အင်ဒိုနီးရှား ရေလုပ်သားတွေက ဆာလောင်နေတဲ့ ရိုဟင်ဂျာ ၉၄ ဦးပါတဲ့ သစ်သားစက်လှေတစီးကို တွေ့ရှိ ခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထား ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေး ပိုဆောင်ရွက်ဖို့ ဗီယက်နမ်ကို မလေးရှားတိုက်တွန်း


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.24
 ■ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းမှာ ဗီယက်နမ်နိုင်ငံအနေနဲ့ ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင် လှုပ် ရှားဖို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က တိုက်တွန်းလိုက်တဲ့အကြောင်း FMT မလေးရှားသတင်း မှာ မနေ့က ဖော်ပြထားပါတယ်။

Friday, June 12, 2020

ရိုဟင်ဂျာဒုက္ခသည်လှေတစီး ပင်လယ်အတွင်း လေးလ လောက်လောက် မျောနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
12 June 2020
မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသူ ရိုဟင်ဂျာ သုံးရာလောက်ပါလာတဲ့ လှေတစီးကို မလေးရှား ကမ်း ခြေစောင့် ကင်းလှည့်ရေယာဉ်တွေက အဝင်မခံဘဲ ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်ရတဲ့အတွက် အဝင်မခံတာဖြစ်တယ်လို့ မလေးရှားအရာရှိတဦးက ကြာသပတေးနေ့က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */