" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေရပ်ပြန်ရေးအစီအစဥ်. Show all posts
Showing posts with label နေရပ်ပြန်ရေးအစီအစဥ်. Show all posts

Tuesday, April 4, 2023

နေရပ်ပြန်ရေးအစီအစဥ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့ပြီး

BBC
၄ ရက် ဧပြီလ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စုလူဦးရေစာရင်းတွေကို ၂၀၂၃ခုနှစ် မတ်လ ကုန် အထိ စိစစ်မှုတွေ ပြုလုပ်ထားတယ်လို့ ဧပြီ ၃ရက်၊ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး ကော် မတီအစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကပြောခဲ့တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့တဲ့အထောက်အထားတွေ့ရှိခဲ့သူ ၅၆,၀၀၀၊ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက် စာ ရင်းမှာ ပါဝင်သူ ၉၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထား မတွေ့ ရှိသူ သုံးသောင်းအပါအဝင် စုစုပေါင်း လူဦးရေ ၈၇,၀၀၀ ကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နည်းလမ်းနဲ့ ပြန်လည်ပေးပို့ အ ကြောင်းပြန်ကြားပြီးပြီလို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */