သတင်းနှင့်မီဒီယာကွန်ယက်Thursday, October 27, 2022
စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသော ကလေး ၄ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အပါအဝင်ရိုဟင်ဂျာ ၅၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က တိုးမြစ်အတွင်း ဖမ်း ဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ရိုဟင်ဂျာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလေးကျား ၂ ဦး၊ မ ၂ ဦး နှင့် စက်လှေမောင်းသည့်လုပ်သား ၄ ဦး စုစုပေါင်း ၅၈ ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်။