VOA
ဉာဏ်ဝင်းအောင်
၁၄ ဒီဇင်ဘာ၊ ၂၀၁၆
USCIRF ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ နှစ်စောင်
မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြားလူနည်းစု ရိုဟင်ဂျာ မူဆလင်တွေပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်နေတယ်-ဆိုပြီး အမေရိကန် ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ဒီဇင်ဘာ ၁၃ အင်္ဂါနေ့မှာ အစီရင်ခံစာ၂စောင်ကို တပြိုင်နက်ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေး လွတ် လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့လေ့လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရ ကိုရော၊ အမေရိကန်အစိုးရကိုပါ တိုက်တွန်း အကြံပြု သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။