Showing posts with label တရားစွဲ. Show all posts
Showing posts with label တရားစွဲ. Show all posts

Thursday, August 15, 2024

စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား

RFA
သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.08.15 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)။ Photo: RFA

စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထား အများအပြားတွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သြဂုတ် ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

Wednesday, October 25, 2023

မြန်မာစစ်ခေါင်းဆောင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရား စွဲ ဖို့လျှောက်ထား

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.24

ထန်တလန်မြို့က မီးလောင်ကျွမ်းခဲ့ရတဲ့ အဆောက်အအုံတွေကို ၂၀၂၁၊ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
The Chinland Post

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အ လောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ်ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒုက္ခရောက်နေ သူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက်၊ အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးကို စစ်ရာဇ ဝတ်မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့၊ ချင်းတိုင်းရင်းသား ငါးဦးကဖိလစ်ပိုင်နိုင်ငံမနီလာမြို့တရားရေးဌာနကိုအောက် တိုဘာလ ၂၅ ရက် ဒီနေ့မှာ တိုင်ကြားစာ ပေးပို့ပြီး လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

Tuesday, August 29, 2023

Meta ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံမှာ ရိုဟင်ဂျာတွေ တရား စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဩဂုတ်၊ ၂၀၂၃ 

Meta Logo
 

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှု တွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန် နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ Meta ကုမ္ပဏီ ဌာနချုပ်ခွဲ တည်ထောင်ထားတဲ့ အိုင်ယာလန် နိုင်ငံ Dublin မြို့ အခြေစိုက် ဥပဒေ အကျိုးဆောင်ရုံး နှစ်ခုက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည် ၁၇ ယောက်ရဲ့ ကိုယ်စား Meta ကုမ္ပဏီကို ပြီးခဲ့တဲ့ သတင်းပတ်မှာ တရားစွဲဆိုထားတာပါ။

Wednesday, January 25, 2023

မြန်မာဗိုလ်ချုပ်ကြီးတွေကို Fortify Rights လူ့အခွင့်အရေး အဖွဲ့ ဂျာမဏီမှာ တရားစွဲ

RFA
ခင်မောင်စိုး (ထိုင်းနိုင်ငံ)
2023.01.24
၂၀၂၂ မေလ ၁ဝ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားစဥ် Photo:Citizen Journalist

မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ တရားစွဲဆိုလိုက်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ဖော်ပြောလိုက်ပါတယ်။

Saturday, December 12, 2020

အင်းဒင်ဖြစ်ရပ်သေဆုံးမှု နစ်နာသူ ရိုဟင်ဂျာအမျိုးသမီး တရားစွဲဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဒီဇင်ဘာ၊ 2020

သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ‘အမေရိကန်ဒေါ်လာ ၂ သန်း’ ပေးဖို့ မြန်မာအစိုးရကိုရိုဟင် ဂျာအမျိုးသမီးတဦးက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်း ဖက် ဖြိုခွဲမှုတွေအတွင်း စစ်သားတွေသတ်လို့ သေဆုံးသွားရတဲ့ သူမခင်ပွန်းအတွက် နစ်နာကြေး တောင်းဆို လိုက်တာလို့ ရှေ့နေတွေက ပြောပါတယ်။

Monday, November 11, 2019

OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာက မြန်မာကို ကုလသမဂ္ဂတရားရုံးတွင် တရားစွဲ

7DAY DAILY
ကျော်သူမောင်
Monday, November 11, 2019

    အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင် သော အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)ကိုယ် စားဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရကို ကုလသမဂ္ဂ၏အဆင့် အမြင့်ဆုံးတရားရုံးတွင် လူမျိုး တုံးသတ်ဖြတ်မှုဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုထားသည်။

မြန်မာအစိုးရက ဘင်္ဂါလီ များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သည် ဟိတ်ဂ်မြို့ရှိ နိုင်ငံတ ကာတရား မျှတရေးတရားရုံး (ICJ) တွင် ဂမ် ဘီယာက တရားစွဲဆိုထားခြင်းဖြစ် သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */