Showing posts with label William Schabas. Show all posts
Showing posts with label William Schabas. Show all posts

Friday, February 18, 2022

ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ထွက်ခွာ

VOA 

ဗွီအိုအေ (မြန်မာဌာန)
18 ဖေဖော်ဝါရီ၊ 2022 

FILE - The building of the International Court of Justice (ICJ) is seen in The Hague, Netherlands, Dec. 9, 2019

ICJ နိုင်ငံတကာတရာရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှုအတွက် နိုင်ငံတကာ ရှေ့နေအသစ်ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကို ပြောပါတယ်။ ရှေ့နေအသစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြောပေမယ့် အရင်ရှေ့နေအဖွဲ့ က နုတ်ထွက်သွားသူအ စား ရှေ့နေသစ်နဲ့ အရင်ရှေ့နေအဖွဲ့ထဲက ၂ ယောက်တို့ အတူခုခံချေပသွားမယ်လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်စတင်မယ့် တရားရုံးကြားနာပွဲအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦး ဆောင် တဲ့အဖွဲ့လည်း Netherlands နိုင်ငံ The Hague မြို့ကို ထွက်ခွာသွားပြီလို့ပြောပါတယ်။ ရန်ကုန်က လာ တဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

Wednesday, March 11, 2020

The Truth About Myanmar’s Genocide Case Defense Lawyer

THE I DIPLOMAT
By Andrew Nachemson
March 10, 2020

The focus on William Schabas’ history and personal views detracts from the more substantive issues at play in allegations of genocide in Myanmar.

When one of Myanmar’s defense lawyers arrived at Yangon University to give a lecture this weekend, he was greeted by half a dozen protesters criticizing Myanmar for denying accusations of genocide at the International Court of Justice. It was a small turn out to be sure, but William Schabas has become a lightning rod for criticism internationally.

From the moment Schabas was announced to be joining Myanmar’s defense team, he has received an abnormal level of attention. First, a 2013 interview with Al Jazeera was circulated, where he discussed the treatment of the persecuted Rohingya Muslims in Myanmar. “We’re moving into a zone where the word [genocide] can be used,” he said. These comments were used against him by those who said it proved even Myanmar’s defense team knew it was guilty of genocide against the Rohingya Muslim minority. Schabas would later insist this quote was taken out of context.

Thursday, March 5, 2020

ဒေါက်တာ ရှာဘတ်စ်၏ ရန်ကုန်တက္ကသိုလ်ဟောပြောပွဲ၊ ICJ အတွေ့အကြုံများ ပြန်လည်မျှဝေ

ဧရာဝတီ
ဇင်လင်းထက်
5 March 2020
ယနေ့ ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမှု ပြုလုပ်ခဲ့သည့် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် / ထက်ဝေ / ဧရာဝတီ

နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာဘက်က ခုခံချေပခဲ့သည့် ဥပဒေ ပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလျံ ရှာဘတ်စ် ယနေ့ ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဟောပြောရာ လူမျိုးတုံးသတ်ဖြတ်မှု အကြောင်းနှင့် ICJ တွင် ၎င်းဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများကို ကျောင်းသားများသို့ ပြန်လည်မျှဝေသည်။

“Genocide Convention ကို ဘယ်အချိန်မှာ စပြီး ဘာရည်ရွယ်ချက်နဲ့ စပြီးတော့ ရေးဆွဲခဲ့သလဲဆိုတဲ့ သမိုင်းဖြစ် စဉ်တွေ ပြောတယ်။ Genocide Convention နဲ့ ပတ်သက်တဲ့ စာတွေလည်း ရေးတယ် ဆိုတဲ့အကြောင်း အများ ကြီး ပြောပါတယ်” ဟု ဟောပြောပွဲသို့ တက်ရောက်သည့် ဥပဒေသုတေသီ ဖြစ်သူ ဦးဗျက်ထန်က ဧရာဝတီသို့ ပြောကြားသည်။

သို့သော် အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အဖွဲ့ဝင် မော်လဒိုက်စ်နိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးတွင် ကြားဖြတ်အမှုတင်သွင်းရန် ကြေညာထားမှုနှင့် ပတ်သက်၍ ဒေါက်တာ ရှာဘတ်စ် က ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ ဟောပြောပွဲကို ခေါင်းစဉ် သီးခြား ပေးမထားခဲ့ဘဲ ဟောပြောမှုကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြုလုပ် ခဲ့ သည်ဟု သိရသည်။

ဟောပြောပွဲကို တက်ရောက်သည့် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ စတုတ္တနှစ် ဥပဒေပညာကျောင်သူ မ ချယ်မှုန်းထင်ကလည်း ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို တက်ရောက်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူ မိ ကြောင်း ဆိုသည်။

“သူလုပ်ခဲ့တဲ့ Experience တွေကို ပြောတာပေါ့။ တချို့ဟာလေးတွေလည်း သိပ်နားမလည်တာ ရှိပါတယ်။ တော် တော် တော့ Catch Up လုပ်ရတယ်။ ခေါင်းစဉ်တော့ မရှိဘူး။ အိုင်စီဂျေမှာ သွားခဲ့တဲ့ သူ့ရဲ့ အတွေ့အ ကြုံတွေကို ပြန်မျှတာပေါ့” ဟု ၎င်းက ပြောပြသည်။

ထိုကဲ့သို့ ကမ္ဘာကျော်ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို ပညာရေးဝန်ကြီးဌာနက တတ်နိုင် သမျှ ဆောင်ရွက်ပေးသင့်ကြောင်း ဟောပြောပွဲသို့ တက်ရောက်လာသူအချို့က ဆိုကြသည်။

ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိပြီး ယနေ့ ပွဲတွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဘွဲ့နှင်းသဘင်ခန်းမ အနီးတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ခန့်ဖြင့် “ငရဲ ခွေးကြီးများ လွတ်နေဆဲ”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာသား ရေးသား ထားသော ဆိုင်း ဘုတ် ထောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဆန္ဒထုတ်ဖော်သော ကျောင်းသားများသည် “ငရဲခွေးကြီးများ လွတ်နေဆဲ”ဟု ခေါင်းစဉ်တပ်ထား သော ဆောင်းပါး ရေးသားထားသည့် စာရွက်များကိုလည်း ဟောပြောပွဲ တက်သူများထံ ဝေငှခဲ့သည်။

ဒေါက်တာရှာဘတ်စ်သည် ဟောပြောပွဲသို့ လာစဉ်က အဓိပတိလမ်းမထိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ ဝင်ပေါက် မှ ဝင် ရောက် ခဲ့သော်လည်း ဟောပြောပွဲအပြီးတွင်မူ ကျောင်းသားများ၏ ဆန္ဒပြမှုကြောင့် ဘွဲ့နှင်းသဘင် ဘေး ဖက် အပေါက်မှ ထွက်ကာ ကားဖြင့် ထွက်ခွာသွားသည်။

ပါမောက္ခ ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် ကနေဒါ နိုင်ငံသား ဂျူးလူမျိုးတဦး ဖြစ်သည်။

ဒေါက်တာ ဝီလီယံရှာဘတ်စ်ကို နိုင်ငံတကာ လူမျိုးတုံး သတ်ဖြတ်မှု လေ့လာသူများ အဖွဲ့အစည်း (IAGS) က မြန်မာ အစိုးရနှင့် အဆက်အသွယ် ဖြတ်ရန် ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်တွန်းထားပြီးနောက် ဒေါက် တာ ဝီလီယံရှာဘတ်စ် ရန်ကုန် တက္ကသိုလ်၌ လာရောက်ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ IAGS အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ လက်ရှိ တွင် ၎င်းသည် လူ့အခွင့်ရေး ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံတကာ ရာဇ ဝတ် တရားရုံး ဥပဒေ၊ အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုနှင့် သေဒဏ် စီရင်မှု စသည့် ဘာသာရပ်များ အတွက် ပါရဂူဘွဲ့ (Ph.D) ယူမည့် ကျောင်းသားများကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Middlesex University London တွင် ကြီးကြပ် ပေးနေသူလည်း ဖြစ်သည်။

ဆက်စပ်လင့်


Link : Here

ဂျီနိုဆိုက်အကြောင်းဟောပြောတဲ့ ရှေ့နေ ဝီလီယံရှား ဘတ်စ်ကို ကျောင်းသားတွေဆန္ဒပြ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-03-05
ICJ နိုင်ငံတကာတရားရုံးအမှုမှာ မြန်မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလီယံ ရှားဘတ်စ် (William Schabas) ဟာ မတ်လ ၅ ရက်- ဒီနေ့မနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံ ရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြော


B B C
ဘီဘီစီ မြန်မာပိုင်း
2020.03.05
ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ် ရောက်ရှိ

ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက် ဟောပြော

အပြည်ပြည်ဆိုင်ရာတးရုံးICJ တွင် မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ဟာ ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြောဖို့အတွက် ဒီကနေ့ မတ် ၅ ရက်နေ့မှာ ရန်ကုန်ကို ရောက် ရှိလာပြီဖြစ်ပါတယ်။
ပါမောက္ခ ရှေဘတ်စ်ဟာ နိုင်ငံတကာ ရာဇဝတ်ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေ ကျွမ်းကျင်သူ ဖြစ်ပါ တယ်။
 

Link : Here

ပါမောက္ခဝီလီယံ ရှဘက်စ် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း‌ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-03-05
ပရော်ဖက်ဆာ ဒေါက်တာ ဝီလီယံရှဘတ်စ် William Schabas
Photo: William Schabas

 နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ပါမောက္ခဝီလီယံ ရှဘတ်စ် (William Schabas) ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆိုင်ရာဟောပြောမှု တစ်ခု ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

Thursday, December 5, 2019

ICJ အမှုရင်ဆိုင်ရေး မြန်မာပြောခွင့်ရ

VOA
05 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
မှတ်တမ်းဓာတ်ပုံ - ၂၀၁၄ ခုနှစ်က ခရိုအေးရှား - ဆားဗီယား အမှုကို ICJ မှာ ကြားနာမှုမှာ ဆားဗီးယား ကိုယ်စားလှယ် အဖွဲ့ဘက်ကတွေ့ရတဲ့ ဥပဒေပညာရှင် William Schabas (ဝဲမှယာ - ဒုတိယမြောက်) ။ ဓာတ်ပုံ - (AP Photo/Jiri Buller) 

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ် သက် ပြီး သတင်းမီဒီယာ တွေအနေနဲ့ နိုင်ငံခြားရေးဌာနက ဦးအောင်ကို ကို ဆက်သွယ် မေးမြန်းရမှာ ဖြစ် တယ်လို့ နိုင်ငံ တကာ ဥပဒေပညာရှင် ပါမောက္ခ William Schabas က ဗွီအိုအေကို အီးမေးလ်ကနေ တဆင့် ဗုဒ္ဓဟူးနေ့က အကြောင်းပြန်ပါတယ်။

Wednesday, December 4, 2019

ICJ မှာ မြန်မာအတွက် ပါမောက္ခ Scahbas အကျိုးဆောင် မယ့် အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
မြန်မာနိုင်ငံအနောက်ဘက်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက် မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ William Schabas က ICJ တရားရုံးမှာ မြန်မာအစိုးရရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အံ့သြသင့် စိတ်ပျက်ခဲ့ကြပါတယ်။

Tuesday, December 3, 2019

ICJ အမှုနဲ့ အငြင်းပွားဖွယ် ဒေါက်တာ William Schabas

နေမျိုးထွန်း
2019-12-02
                                                            Photo: William Schabas

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမယ့် ဒီဇင်ဘာ ၁၀ ကနေ့ ၁၂ ရက်နေ့ အထိ နယ်သာ လန်နိုင်ငံ The Hague သဟိဂ်မြို့မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးသွားမယ်လို့ နိုဝင်ဘာလ ကတည်းက အစိုးရဘက်က ကြေညာထားပေမယ့် ဘယ်ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်းထား တယ် ဆိုတာ ဒီကနေ့ထိ လူသိရှင်ကြား ကြေညာခြင်းမရှိသေးပါ။

ICJ မှာ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဘယ်သူလဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
03 ဒီဇင်ဘာ၊ 2019 
နိုင်ငံတကာဥပဒေ ပညာရှင် William Schabas  
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုး ဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံ တကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

Monday, December 2, 2019

မြန်မာအစိုးရက ICJ အမှုအတွက် ငှားထားတဲ့ရှေ့နေ William Schabas ဆိုတာ ဘယ်သူလဲ။

 မြန်မာအစိုးရက ICJ အမှုအတွက်ငှားထားတဲ့ရှေ့နေ William Schabas ဟာ   ၂၀၁၃ ခု အောက်တိုဘာလ (၃၀) ရက် တုံးက အာလ်ဂျာဇီးရား ရုပ်မြင်သံကြား သတင်းမှတ်တမ်း တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ၄င်းကိုယ်တိုင် ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်ကြောင်း ပြောကြားခဲ့သည်။ အောက်ပါ ဗွီဒီယိုကို
ရှူစားကြည့်ကြပါ။


https://www.youtube.com/watch…
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */