Jonathan Head
15 February 2021
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုး ပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိ ဆုံး ပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီကတင်သွင်း သော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်း ချက် မှာ ကွန်ဖက် ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူ သော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။
B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22
ဘူးသီး တောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နို ဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ရှိလာနိုင်သေးတယ်လို့ ကုလသ မဂ္ဂ က မကြာသေးခင်က ကြေငြာချက်ထုတ်ပြန်သတိပေးချက်နဲ့ မြန်မာအစိုးရရဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေဟတကယ် ပဲ အလုပ်ဖြစ်ရဲ့လားလို့လည်း မေးခွန်းထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို မြန်မာ့တပ်မတော် ဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာအောင် လုပ်နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းမှာ မနေ့က ရေးသားဖော်ပြထား ပါတယ်။