မြန်မာဌာန | သတင်းများ
■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးခွင့်ပေးဖို့နဲ့ ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီမိုကရေစီနဲ့ လူ့ အခွင့်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေဟာ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ပါဝင် ဆန္ဒမဲပေးခွင့် ရရှိခဲ့ပြီး ရွေးကောက်ပွဲသမိုင်းမှာ အဆင်အလာကောင်းတွေ ရှိတာကြောင့် ၂၀၂၀ မှာလည်း မဲပေးခွင့်ပေးဖို့ တောင်းဆိုတာလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။