12 November 2019
လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ် ဆို တဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အာဖရိကအနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) မှာ နိုဝင်ဘာလ ၁၁ ရက်က တရားစွဲလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (အိုအိုင်စီ)အဖွဲ့ဝင် ၅၇ နိုင်ငံရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုစွဲချက်တင်လိုက်တာ ဖြစ် ပါတယ်။