" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မုန်တိုင်း. Show all posts
Showing posts with label မုန်တိုင်း. Show all posts

Tuesday, May 19, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မုန်တိုင်းကြောင့် စိုးရိမ်နေရ


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများကျော်လွင်ဦး
2020-05-19


ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ဟာ နောက်နှစ်ရက်အတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ အလားတူ စစ်ဘေးဒဏ်ကြုံနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် မိုးသည်းထန် စွာ ရွာ နိုင်တာကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက်လည်း ပူပန်စရာဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မုန်တိုင်းကြောင့် စိုးရိမ်နေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများကျော်လွင်ဦး
2020.05.19
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုတုပါလောင်ဒုက္ခသည် စခန်းကို တွေ့ရစဉ်
Photo: U Aung Myine 


■ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ဟာ နောက်နှစ်ရက်အတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

လက်ရှိဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ ပါရဒစ်ပ်မြို့တောင်ဘက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့ တောင် ဘက်မှာ ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက သတိပေးထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */