Wednesday, March 3, 2021
မြန်မာကိစ္စ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးဖို့ ဗြိတိန် ပန်ကြား
Thursday, January 21, 2021
ဟိန္ဒူဒုက္ခသည်များကို အမြန်ဆုံး ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်ထံ မြန်မာ တောင်းဆို
By ဇင်လင်းထက်
21 January 2021
ဟိန္ဒူဘာသာဝင် ဒုက္ခသည်များကို ဆောလျင်စွာပြန်ပို့ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရထံ မြန်မာအစိုးရက တောင်း ဆိုလိုက် သည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့် မွတ်စလင် ဒုက္ခသည်များနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၉ ရက်က အွန် လိုင်းမှ တဆင့်ကျင်းပသည့် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဒုဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် Mr. Masud Bin Momen အား ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် နေရပ်စွန့်ခွာသွားသော ဟိန္ဒူ ၄၀၀ ကျော်ကို ပြန်ပို့ပေးရန် ဆန္ဒရှိသော်လည်း ဟိန္ဒူဘာသာ ဝင်များ သီးသန့်ပြန်ပို့ပေးရန် ကိစ္စအပေါ် စိုးရိမ်ပူပန်နေပုံရကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီး ဌာန အမြဲတမ်း အတွင်း ဝန် ဦးချမ်းအေးက ဧရာဝတီသို့ ပြောသည်။
Friday, January 25, 2019
နိုင်ငံတကာ နယ်နိမိတ်အတွင်း နေထိုင်သူဆိုတဲ့ အသုံးနှုန်းကို ကန့်ကွက်
မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နေထိုင်သူတွေကို "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ"လို့ သုံးနှုန်းခဲ့တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က ကန့်ကွက်လိုက်ပါတယ်။